DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်၌ လာမယ့်ဘဏ္ဍာနှစ် မိုးစပါးချေးငွေ ပိုမိုထုတ်ချေးမည်
DVB
·
March 6, 2018
ရေးမြို့နယ်၌ လာမယ့်ဘဏ္ဍာနှစ် မိုးစပါးချေးငွေ ပိုမိုထုတ်ချေးမည်
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်မှာ လယ်သမားတွေအတွက် မိုးစပါးချေးငွေကို ဒီနှစ် လာမယ့်၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်းမှာ ကျေးရွာပေါင်း ၂၃ အုပ်စုက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ မနှစ်ကထက် ပိုမိုထုတ်ချေးသွားဖို့ ရှိနေပါတယ်။

အခုလာမယ့် ဘဏ္ဍာနှစ်မှာ စိုက်ဧက ၁၀၇၈၆ ဧကအတွက်  ချေးငွေပေါင်း ကျပ်သိန်းပေါင်း ၁၆၁၅၂ သိန်း သတ်မှတ်ထားတာတယ်လို့ မြို့နယ် မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်ခွဲကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က စိုက်ဧက ၉၉၆၉ အတွက် ချေးငွေကျပ်သိန်းပေါင်း ၁၄၉၅၃ ဒသမ ၅၀ ဖြစ်လို့ မနှစ်ကထက် ကျပ်သိန်း ၁၁၉၈ ဒသမ ၅၀ ပိုမိုထုတ်ချေးဖို့ ရှိနေတာဖြစ်ပါတယ်။

မြို့နယ် မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်နန်းမြင့်မြင့်အေးထွန်းက “တောင်သူလယ်သမားအများစုမှာ စပါးအထွက်နှုန်းလည်း အရင်နှစ်ထက် ပိုမိုထွက်ရှိခဲ့ကြသလို စပါးဈေးလည်း ဈေးကောင်းရရှိလာတဲ့အခါ ထုတ်ယူချေးထားတဲ့ ငွေတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း အချိန်မီပေးသွင်းနိုင်ခဲ့ကြပြီး အခုလာမယ့် မိုးစပါးအတွက် ပိုမို ထုတ်ချေးရတာ ဖြစ်တယ်”လို့ပြောပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မိုးစပါး ထုတ်ချေးပေးတဲ့ လယ်သမားတွေကို မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်မှာ ရေးမြို့နယ်က သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ရာခိုင်နှုန်းပြည့် ပထမအဦးဆုံး ပေးသွင်းခဲ့တဲ့ မြို့တမြို့ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013