DVB Logo
Home
မြန်မာသတင်း
ထိုင်းရေသန့်များ တာချီလိတ်ဈေးကွက်ထဲ ဝင်ရောက်သဖြင့် ဒေသခံ ရေသန့်လုပ်ငန်းရှင်များ နစ်နာနေ
DVB
·
March 6, 2018
ထိုင်းရေသန့်များ တာချီလိတ်ဈေးကွက်ထဲ ဝင်ရောက်သဖြင့် ဒေသခံ ရေသန့်လုပ်ငန်းရှင်များ နစ်နာနေ
Donate to DVB

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်ထဲကို ထိုင်းနိုင်ငံက ထုတ်လုပ်ထားတဲ့ ရေသန့်ဘူးတွေ ဈေးကွက်ထဲ ဝင်ရောက်နေတဲ့အတွက် နစ်နာမှုတွေ ရှိနေတယ်လို့ ဒေသခံ ရေသန့်လုပ်ငန်းရှင်တွေက ပြောတယ်။

ထိုင်းနိုင်ငံက ထုတ်လုပ်တဲ့ ရေသန့်ဘူးတွေဟာ တာချီလိတ်မြို့ပေါ်က စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ကျေးရွာအုပ်စုတွေထဲ ရောင်းချနေတာ ဖြစ်တယ်လို့ ရေသန့်လုပ်ငန်းရှင်တဦးက ဆိုပါတယ်။

မြို့ခံ ရေသန့်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးတင့်ဆွေက “တာချီလိတ်မြို့ပေါ်မှာ ရေသန့်ထုတ်လုပ်ရောင်းချတဲ့ စက်ရုံပေါင်း ၄၀ ကျော်ရှိပြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန FDA ရဲ့ ခွင့်ပြုချက်ရထားတာ ၂၀ ကျော်သာ ရှိသေးတယ်”လို့ သိရပါတယ်။

ထိုင်းက တင်သွင်းလာတဲ့ ရေသန့်တွေဟာ နယ်စပ်ကုန်သွယ်ရေးက တရားဝင် ခွင့်ပြုထားတာ မဟုတ်တဲ့အတွက် တဖက်နိုင်ငံက FDA နဲ့ တိုင်ပင်ဆွေးနွေးသွားဖို့ ရှိတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် ရေသန့်ဘူးတွေကို ထိုင်းလုပ်ငန်းရှင်တွေက တင်သွင်းကြတာ မဟုတ်ဘဲ ဒေသခံ မြန်မာကုန်သည်တွေက နယ်စပ်ကနေ မြန်မာပြည်ထဲကို အကောက်ခွန်မဲ့ တင်သွင်းလာကြတာ ဖြစ်တယ်လို့လည်း ရေသန့်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

တာချီလိတ်မြို့မှာ ရေသန့် တဘူးကို ထိုင်းငွေ ၅ ဘတ်နဲ့ ရောင်းချနေကြတာဖြစ်ပြီး ထိုင်းက တင်သွင်းလာတဲ့ ရေသန့်တွေဟာ အနည်းဆုံး ၅ ဘတ်ကနေ ၁၀ ဘတ်အတွင်း ရောင်းချနေကြတာ ဖြစ်ပါတယ်။

သတင်း - ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013