DVB Logo
Home
မြန်မာသတင်း
ငြိမ်းစုစီ ပြင်ဆင်သည့် ဥပဒေကြမ်းကို ရန်ကုန်မြို့လယ်တွင် စီတန်းလှည့်လည် ကန့်ကွက်ဆန္ဒပြ
DVB
·
March 6, 2018
ငြိမ်းစုစီ ပြင်ဆင်သည့် ဥပဒေကြမ်းကို ရန်ကုန်မြို့လယ်တွင် စီတန်းလှည့်လည် ကန့်ကွက်ဆန္ဒပြ
Donate to DVB

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်နဲ့ တသီးပုဂ္ဂလတွေ စုစည်းပြီး မတ်လ ၅ ရက်က ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အလုံမြို့နယ်၊ သခင်မြပန်းခြံကနေ ကျောက်တံတားမြို့နယ်က မဟာဗန္ဓုလပန်းခြံကိုထိ စီတန်းလှည့်လည်ပြီး ငြိမ်းစုစီ ပြင်ဆင်ချက် ဖျက်သိမ်းရေး ဒို့အရေး၊ မတရားဥပဒေ ဆန့်ကျင်ရေး ဒို့အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကာကွယ်ရေး ဒို့အရေး၊ မတရားတဲ့ဥပဒေမှန်သမျှ တာဝန်အရ ဖီဆန်ကြဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

မသန်စွမ်းသူတွေဟာလည်း ပြည်သူတွေဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့အခွင့်အရေးကို ကာကွယ်ချင်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အခုလိုကန့်ကွက်ပွဲမှာ ပါဝင်ရတာ ဖြစ်တယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ ဦးမြတ်သူဝင်း က ပြောပါတယ်။

နိုင်ငံသားအခွင့်အရေးတွေ ဖောက်ဖျက်ကျူးလွန်ခံထားရတဲ့ ဥပဒေတွေကို ဒီအစိုးရ လက်ထက်မှာ ပြဌာန်းဖို့ ကြိုးစားနေတာဟာ အရင်စစ် အစိုးရလက်ထက်က သူတွေ လုပ်ဆောင်ခဲ့တာကို ထောက်ခံနေတာလားလို့လည်း တသီးပုဂ္ဂလဖြစ်သူ ကိုဝေဠုက ဒီဆန္ဒပြပွဲကနေ မေးခွန်းထုတ်လိုက်ပါတယ်။

ဥပဒေတစ်ခုပြဌာန်းတယ်ဆိုတာ ဒီမိုကရေစီစံချိန်းစံညွှန်းနဲ့ ညီမျှတဲ့ဥပဒေမျိုးပဲဖြစ်သင့်ပြီး အခုလို နိုင်ငံသားတွေရဲ့မူလအခွင့်အရေးကို ချိုးဖောက်မယ့် ဥပဒေမျိုး ပြဌာန်းဖို့ကြိုးစားနေတာကို ကန့်ကွက်ချင်လို့ ပါဝင်ပူးပေါင်းရတာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်အတွင်း ဆန္ဒထုတ်ဖော်ခွင့်ကို ဒေသန္တရအမိန့်နဲ့ တားမြစ်ထားပေမယ့် အခု ဆန္ဒပြတောင်းဆိုကြတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကတော့ သက်ဆိုင်ရာ ရဲစခန်းတွေကို အသိပေးပြီးမှ အခုလို ငြိမ်းစုစီပြင်ဆင်ချက် ဖျက်သိမ်းရေးကို အဓိကထားပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်တယ်လို့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013