DVB Logo
Home
မြန်မာသတင်း
ရင်ဂိုတို့ သားအဖသုံးယောက် ဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
March 6, 2018
ရင်ဂိုတို့ သားအဖသုံးယောက် ဂီတဖျော်ဖြေပွဲ ကျင်းပမည်
Donate to DVB

အဆိုတော် ရင်ဂိုဟာ သားဖြစ်သူ လူငယ်တေးသံရှင် ကျားပေါက် (Big Bag) နဲ့ သမီးဖြစ်သူ ဟန်နေလွင်လွင် (TheZens) တို့နဲ့အတူ သားအဖသုံးယောက် ဂီတဖျော်ဖြေပွဲကို မကြာခင် ပြုလုပ်သွားဖို့ ရှိနေပါတယ်။

စင်ပေါ်မှာ သားအဖ သုံးယောက် အတူသီဆိုဖျော်ဖြေဖို့ မက်ခဲ့တဲ့ အိမ်မက် မကြာခင် အကောင်အထည်ပေါ်လာတော့မယ်လို့ တေးသံရှင် ရင်ဂိုက ပြောပါတယ်။

"စင်ပေါ်မှာ သားအဖသုံးယောက် Band သုံး Band (တီးဝိုင်းသုံးခု) နဲ့ သီဆိုဖျော်ဖြေချင်တာက ဦး လိုချင်ခဲ့တဲ့ အိမ်မက်တခုပါ။ ဒီအိပ်မက်ကို ဦး မက်နေတာလည်း ကြာပါပြီ။ အဲဒီပွဲအတွက် စိတ်ကူးထားတာလည်း တော်တော်ကြာနေပြီ။ ဒါပေမယ့် သမီးရဲ့ အယ်လ်ဘမ်ကို ပရိသတ်တွေ လက်ထဲ ချပြနိုင်တော့မှ လုပ်မယ်ဆိုပြီး စဉ်းစားထားတာ၊ အခုဆို သမီးရဲ့အခွေလေးလည်း ထွက်လာပြီ၊ ပွဲအတွက် စကားပြောထားတဲ့သူတွေလည်း ရှိနေပြီ ဆိုတော့ သားအဖ သုံးယောက် စင်ပေါ်မှာ အတူဖျော်ဖြေမယ့်ပွဲက မကြာခင်မှာ ဖြစ်လာတော့မှာပါ။”

အဆိုပါ ဖျော်ဖြေပွဲမှာ သားအဖ သုံးယောက်လုံး ကိုယ်ကြိုက်နှစ်သက်ရာ တေးသီချင်းတွေကို ကိုယ်စီ ရွေးချယ်သီဆိုဖျော်ဖြေပေးသွားမယ်။ ရင်ဂိုနဲ့ ကျားပေါက်တို့က တယောက်ကို သီချင်း အပုဒ် ၂၀ လောက်နဲ့ ဟန်နေလွင်လွင်ကတော့  ဆယ်ပုဒ်လောက် သီဆိုမယ်လို့ တေးသံရှင် ရင်ဂိုက ဆက်လက်ပြောကြားပါတယ်။

"သားအဖ သုံးယောက် အတူတူဆိုမယ့် သီချင်းတွေအတွက်တော့ မဆွေးနွေးရသေးဘူး။ တကယ်လုပ်ဖြစ်တော့မယ် ဆိုရင်တော့ လုပ်မယ့် ပုံစံလေးတွေကအစ သုံးယောက် ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးမှာပါ။ သီဆိုမယ့် သီချင်းတွေကိုတော့ ဘယ်သူ ဘယ်သီချင်းဆိုမယ်ဆိုပြီး ဘောင်ခတ်တဲ့ပုံစံဆိုရင် သီချင်းဆိုရတာ အသက်မပါဘူး။ ဒါကြောင့် သူတို့လည်း သူတို့ကြိုက်တဲ့သီချင်းကို ရွေးပြီးဆို၊ ဦးလည်း ဦးကြိုက်တဲ့ သီချင်းကို ရွေးပြီးဆိုမယ်။ သားအဖ သုံးယောက်လုံး လွတ်လွတ်လပ်လပ် ဆိုကြမယ်”လို့ တေးသံရှင် ရင်ဂိုက သူ့စိတ်ကူးအိပ်မက်ထဲက ဂီတဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။


သတင်း - မေနိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013