DVB Logo
Home
မြန်မာသတင်း
ကလေးငယ်များကို နည်းစနစ်မှန်ကန်စွာ ပြုစုပျိုးထောင်ရန် မိခင်ဝိုင်းများ အကောင်အထည်ဖော်နေ
DVB
·
March 5, 2018
ကလေးငယ်များကို နည်းစနစ်မှန်ကန်စွာ ပြုစုပျိုးထောင်ရန် မိခင်ဝိုင်းများ အကောင်အထည်ဖော်နေ
1 / 6
Donate to DVB

ရပ်ရွာအတွင်းမှာ နေထိုင်တဲ့ အသက် ၃ နှစ်အောက် ကလေးငယ်တွေအတွက် ပြုစုပျိုးထောင်ပေးတဲ့ နည်းလမ်းကောင်းတွေ လူထုအတွင်း ရောက်ရှိပြီး ကလေးငယ်တွေကို နည်းစနစ်မှန်ကန်စွာ ပြုစုပျိုးထောင်ပေးနိုင်ဖို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနကနေ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းဖြစ်တဲ့ မိခင်ဝိုင်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာတော့ မြို့နဲ့ဝေးကွာတဲ့ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး စတဲ့ မြို့နယ်တွေမှာ မိခင်ဝိုင်းတွေကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ မိခင်ဝိုင်းမှာ ဝိုင်းခေါင်းဆောင် တဦးနဲ့ အကူအညီပေးမယ့် အရန်ဆရာမ ၂ ဦး ထားရှိပေးထားပြီး ဝိုင်းတဝိုင်းမှာ အနည်းဆုံး ကလေးငယ်ဦးရေ ၃၀ နီးပါးကို သင်ကြားပေးနေတာပါ။

မိခင်ဝိုင်းမှာ သင်ကြားပေးနေတဲ့ ဆရာမတွေကို လူမှုဝန်ထမ်းဦးစီးဌာနက လစဉ်ကြေး ထောက်ပံ့ပေးသလို ကလေးငယ်တွေကိုလည်း ကလေးတဦးကို တနေ့ကို ငွေကျပ် ၃၅၀ ထောက်ပံ့ပေးထားပြီး နေ့လယ်စာနဲ့ နေ့ခင်း အဆာပြေ ကျွေးမွေးပေးပါတယ်။

အဲဒီမိခင်ဝိုင်းမှာ ကလေးငယ်တွေကို တနေ့တာ နေထိုင်၊ စားသောက်မှု ပုံစံတွေ၊ ကဗျာရွတ်ဆို သင်ကြားပေးတာတွေနဲ့ ပုံပြင် ပြောပြတာတွေ လုပ်ဆောင်ပါတယ်။

မိခင်ဝိုင်းတွေကိုတော့ ကျောင်းဖွင့်ရက်တွေမှာ မနက် ၉ နာရီမှ ညနေ ၂ နာရီထိ ဖွင့်လှစ်ထားတာဖြစ်ပြီး နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား အလုပ်လုပ်နေရတဲ့ မိသားစုတွေက ကလေးငယ်တွေကို မိခင်ဝိုင်းတွေမှာ လာရောက်အပ်ထားတာတွေ များတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013