DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ  အကျဉ်းသား၊ အကျဉ်းသူ ၁၀၀ ကျော် ဖြေဆိုမည်
DVB
·
March 5, 2018
တက္ကသိုလ်ဝင်စာမေးပွဲ  အကျဉ်းသား၊ အကျဉ်းသူ ၁၀၀ ကျော် ဖြေဆိုမည်
Donate to DVB

နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲမှာ လာမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် အကျဉ်းသား အကျဉ်းသူ ၁၀၄ ယောက်ရှိတယ်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပြောပါတယ်။

မန္တလေး အိုးဘိုအကျဉ်းထောင်က ၅၅ ယောက် ဖြေဆိုမှာဖြစ်ပြီး တနိုင်ငံလုံးမှာ အများဆုံး ဖြေဆိုတာလည်း ဖြစ်ပါတယ်။ ရန်ကုန် အင်းစိန်အကျဉ်းထောင်ကတော့ ၃၄ ယောက် ဖြေဆိုမှာဖြစ်ပြီး မနှစ်ကတော့ ၂၈ ယောက် ဖြေဆိုခဲ့ပါတယ်။

ဦးမင်းထွန်းစိုးက “အခုဖြေမယ့် သူတွေက လူငယ်တွေဆိုတော့ မူးယစ်နဲ့ ခိုးမှုတွေ များပါတယ်။ စာမေးပွဲဖြေဖို့အတွက် လစဉ်၊ အပတ်စဉ် ကျောင်းက ဆရာမတွေ လာပြီး သင်ပေးကြတယ်။ ပုံမှန်ကတော့ အထဲမှာရှိတဲ့ ကျောင်းဆရာတွေ သင်ပေးကြသလို ဆရာ မဟုတ်ပေမယ့် ဘာသာရပ်အလိုက် ကျွမ်းကျင်သူတွေက သင်ပေးကြတယ်။ အားလုံး အောင်မြင်ကြပါစေလို့ပဲ ပြောချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အင်းစိန်၊ မန္တလေး၊ ဘားအံ၊ စစ်တွေ၊ မြိတ်၊ မြောင်းမြ၊ တောင်ငူနဲ့ ပြည် ထောင်တွေမှာ ဖြေကြမှာ ဖြစ်ပြီး ကျား ၉၆ ယောက်၊ မ ၈ ယောက် ရှိပါတယ်။

မန္တလေး အိုးဘိုအကျဉ်းထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက “ဒီနှစ်ကတော့ ပြီးခဲ့တဲ့နှစ်တွေထက် ဖြေဆိုသူ အများဆုံးပါ။ ဆရာ၊ ဆရာမတွေ သုံးသပ်တာကတော့ ဒီနှစ်မှာလည်း အောင်ချက်ကောင်းပြီး ဂုဏ်ထူးထွက်ကြမယ် ပြောပါတယ်။ ပညာရေးဌာနက ဆရာ၊ ဆရာမတွေရော၊ ပြင်ပမှာ ကျူရှင်သင်တဲ့ ဆရာတွေရော လာပြီး သင်ပေးနေပါတယ်။

ပြီးခဲ့တဲ့နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အိုးဘိုထောင်ကနေ ဖြေဆိုသူ ၁၁ ယောက်မှာ ၇ ယောက် အောင်မြင်ပြီး အကျဉ်းသူတယောက်ဟာ ၃ ဘာသာဂုဏ်ထူးရခဲ့သလို တဘာသာ ဂုဏ်ထူးရှင် ၄ ယောက် ရှိပါတယ်။

အင်းစိန်ထောင်ကတော့ ၂၈ ယောက် ဖြေတာမှာ တဘာသာ ဂုဏ်ထူးရှင် ၂ ယောက် အပါအဝင် ၉ ယောက် အောင်မြင်ခဲ့ပါတယ်။

ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူတွေကို အောင်စာရင်းထွက်ပြီး တလကျော်အကြာမှာ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ လာမယ့် ၂၀၁၇-၁၈ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက်နေ့မှာ စဖြေရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013