DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းမြန်မာကျောင်းသား ၃၉ ဦး ထိုင်းနိုင်ငံတွင် ၁၀ နှစ်ခံနေထိုင်ခွင့်လက်မှတ်ရရှိ
DVB
·
March 5, 2018
ရွှေ့ပြောင်းမြန်မာကျောင်းသား ၃၉ ဦး ထိုင်းနိုင်ငံတွင် ၁၀ နှစ်ခံနေထိုင်ခွင့်လက်မှတ်ရရှိ
Donate to DVB

 

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းတွေထဲက SAW ဂေဟာက ကလေးငယ် ၃၉ ဦးဟာ  ထိုင်းအစိုးရက နိုင်ငံသားမဟုတ်သူတွေကိုနေထိုင်ခွင့် ပေးအပ်တဲ့ ၁၀ နှစ်ခံလက်မှတ် ရရှိသွားတယ်။

အဆိုပါကလေးတွေဟာ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနိုင်မယ့်အပြင် လုံခြုံရေးအတွက် လည်း အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့  SAW  အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်အေးအေးမာက ပြောပါတယ်။

“အထူးသဖြင့် လုံခြုံရေးပေါ့နော်။ ကျမတို့ဆီက ကလေးတွေအရင်တုန်းက ဆိုလို့ရှိရင် ရဲတွေဘာတွေ ဖမ်းထားတာရှိတယ်။ တချို့တွေဆိုရင် အချုပ်ထဲကျပြီးတော့မှ မြန်မာပြည် ဘက်ခြမ်းကို ပြန်သွန်ခံရတာတွေရှိတယ်။ ကျောင်းတက်နေရင်းနဲ့ ဒီလိုအဖြစ်တွေကြုံရတာပေါ့။ အခုဆိုရင်ဒီလက်မှတ်ရတဲ့အတွက် ရဲအဖမ်းမခံရတော့ဘူးပေါ့နော်။ နောက်ပြီး သူတို့ရှေ့ ဆက်မယ့် သူတို့ဘ၀ တက်လမ်းတွေအတွက် အလုပ်တွေလုပ်တဲ့ အခါမှာလည်း ဒီကတ်က အရမ်းအသုံးဝင်တဲ့ဟာဖြစ်တယ်ပေါ့နော်။”

လက်မှတ်ရရှိတဲ့ ကျောင်းသား စောသစ်နိုင်ဝင်းကတော့ ခုလို နေထိုင်ခွင့် လက်မှတ်ရတဲ့အတွက် လုံခြုံမှုကိုခံစားရကြောင်း ပြောပါတယ်။

“အဓိကကတော့ ပျော်တာပေါ့နော်။ ကိုယ်ဒီမှာ လုံလုံခြုံခြုံနေလို့ရပြီလေ။ အစကဆို ပလိပ်တွေကို လမ်းမှာတွေ့ရင်နည်းနည်ရှိန်တာပေါ့လေ။ အခုကတော့ ဒီကပ်ပြလိုက်ပြီဆိုတာ သူတို့လည်း မဖမ်းတော့ဘူးဆိုတဲ့အသိ တရားလေးရသွားတော့ စိတ်လည်း လုံခြုံသွားတာပေါ့။ ”

ဒီအထောက်အထားလက်မှတ်ဟာ လက်ရှိမှာတော့ ထိုင်းအစိုးရကျောင်းတွေမှာ အခမဲ့ ပညာသင်ကြားနိုင်ခွင့်ရှိတဲ့အပြင် နောက်ပိုင်းမှာအခမဲ့ ကျန်းမာရေးစောင့် ရှောက်မှုတွေ ပါရရှိမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မွေးဖွားသူတွေအနေနဲ့ ဒီအထောက်အထား လက်မှတ်တွေကနေ တဆင့်ပြီး တဆင့် ထိုင်းနိုင်ငံသားတွေ အဖြစ်ပါတောင်းဆိုနိုင်ပါတယ်။

မတ်လ ၄ ရက်နေ့မှာ ကလေးပေါင်း ၃၉ ယောက်အတွက် အထောက်အထား လက်မှတ် ပေးအပ်တာဖြစ်ပြီး နောက်ပိုင်းမှာ ဆက်လက်ထုတ်ပေးသွားဖို့ရှိတယ်လို့လည်း ဒေါ်အေးအေးမာ က ပြောပါတယ်။

မြန်မာထိုင်းနယ်စပ်မှာ ရွှေ့ပြောင်းကျောင်းပေါင်း၂၀၀ ကျော်ရှိပြီးတော့ ကလေး ငါးသောင်း လောက် ပညာသင်ကြားနေပါတယ်။ SAW ဂေဟာမှာတော့  ကလေး ၇၀ လောက် ပညာ သင်ယူနေကြပါတယ်။

ဓာတ်ပုံ - SAW

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013