DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခ တစ်ရက် ကျပ် ၄၈၀၀ ပေးရန် အတည်ပြုဆုံးဖြတ်
DVB
·
March 5, 2018
အနိမ့်ဆုံးလုပ်ခ တစ်ရက် ကျပ် ၄၈၀၀ ပေးရန် အတည်ပြုဆုံးဖြတ်
Donate to DVB

 

အနိမ့်ဆုံးလုပ်ခလစာအဖြစ် မူလအဆိုပြုထားတဲ့အတိုင်း တစ်ရက်ကို ကျပ် ၄၈၀၀ ဆုံးဖြတ်လိုက်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ စတုတ္တအကြိမ်ညှိနှိုင်းအစည်းအဝေးမှာ အနည်းဆုံးအခကြေးငွေအဖြစ် တစ်ရက် ကျပ် ၄၈၀၀ နှုန်းအဆိုပြုထားတာပါ။

ဒီနေ့ မတ် ၅ ရက် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးမှာတော့  ဒီအဆိုပြုနူန်းအတိုင်း အတည်ပြုသတ်မှတ်လိုက်တာလို့ ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေကပြောပါတယ်။

“အစိုးရအဖွဲ့ကို တင်ပါမယ်။ အစိုးရကိုတင်ပြီးမှ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သင့်တော်တဲ့အချိန် အမြန်ဆုံး သတ်မှတ်သွားမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ကိုတင်တဲ့ လုပ်ငန်းအရဆို စီးပွားရေးကော်မတီကို တင်ရတယ်။ စီးပွားရေးကော်မတီရဲ့ အတည်ပြုချက်ရရင် သမ္မတရုံးကို တပြိုင်တည်းတင်မှာပေါ့။ ပြီးရင် အစိုးရအဖွဲ့ကို ဆက်ပြီး တင်မှာဆိုတော့ ဒီမတ်လမကုန်ခင် လောက်ဆို ဒါတွေကို အတည်ပြုပြီးဖြစ်တယ်လို့ မှန်းထားတယ် ”

ဒီနှုန်းထားကို အလုပ်ရှင်၊ အလုပ်သမားနှစ်ဦးနှစ်ဖက်အများစု ကျေနပ်မှုရတယ်လို့ ပြောလို့ရသလို ဒီနှုန်းထားဟာ ပြင်ပပုဂ္ဂလိကတွေသာအတွက်ဖြစ်ပြီး အစိုးရ၀န်ထမ်းတွေကတော့ အစိုးရအဖွဲ့အနေနဲ့ စဉ်းစားသင့်တဲ့အချိန်မှာ စဉ်းစားသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ သတ်မှတ်ချက်မှာ အလုပ်သမား ၁၀ ဦးအောက်ရှိတဲ့ လုပ်ငန်းငယ်တွေနဲ့ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ သိရပါတယ်။

တစ်ရက်ကို ကျပ် ၄၈၀၀ သတ်မှတ်ချက်နဲ့ပတ်သက်ပြီး အကြံပြုချက်တွေပေးကြဖို့ သက်ဆိုင်ရာက တောင်းခံထားရာမှာ ရန်ကုန်တိုင်းဒေသကြီးတခုထဲမှာတင် အလုပ်သမား ဘက်ကရော အလုပ်ရှင်အဖွဲ့အစည်းတွေဘက်ကပါ  ကန့်ကွက်ထားတဲ့ လျှောက်လွှာပေါင်း ၂၀၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013