DVB Logo
Home
မြန်မာသတင်း
ဘုရားဖူးယာဉ်နှင့် ကျောက်သယ်ယာဉ် မျက်​နှာချင်းဆိုင်​ တိုက်​မိ၊ ၁ ဦး​သေ ၈ ​ဦးဒဏ်​ရာရ
DVB
·
March 5, 2018
ဘုရားဖူးယာဉ်နှင့် ကျောက်သယ်ယာဉ် မျက်​နှာချင်းဆိုင်​ တိုက်​မိ၊ ၁ ဦး​သေ ၈ ​ဦးဒဏ်​ရာရ
Donate to DVB

မွန်​ပြည်​နယ်​၊ သထုံမြို့၊ နန်းခဲရပ်၊ ရန်ကုန်-မော်လမြိုင်အ​ဝေး​ပြေးကားလမ်း မိုင်တိုင် အမှတ် ၁၄၉/၆နှင့် ၁၄၉/၇ အကြားမှာ မတ်​လ ၄ ရက်​ ညပိုင်းက ​ဘုရားဖူးကားနဲ့ ကျောက်သည်ကား မျက်နှာချင်းဆိုင် တိုက်မိလို့ လူ ၁ ဦး​သေဆုံးပြီး ၈ ဦး ဒဏ်​ရာ ရရှိခဲ့ပါတယ်။

သထုံမြို့၊ နန်းခဲရပ်​ကွက်​၊ မီးစက်​လမ်း​ထောင့်​အနီးမှာ ဘီးလင်းကနေ မော်လမြိုင်ဘက်ကို ယာဉ်မောင်း အောင်မျိုးကျော် မောင်းနှင်လာတဲ့ လိုက်​ထရပ်​ ဘုရားဖူးယာဉ်ဟာ တဖက်​ယာဉ်​​ကြောကို အရှိန်​လွန်​​ရောက်​ရှိပြီး တဖက်ယာဉ်​​ကြောက ယာဉ်မောင်း လှိုင်ထူး မောင်းနှင်လာတဲ့ ကျောက်သည်ကားနဲ့ မျက်​နှာချင်းဆိုက်​တိုက်​မိခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် ဘုရားဖူးယာဉ်​​ရှေ့ခန်းမှာ လိုက်​ပါစီးနင်းခဲ့တဲ့ မရွှန်းသီရိနွယ် ၂၁ နှစ်​​မှာ အခင်းဖြစ်​​နေရာမှာ သေဆုံးခဲ့ပြီး လိုက်​ထရပ်​ယာဉ်​​မောင်းအပါအဝင်​ ယာဉ်​​ပေါ်ပါခရီးသည် ​၈ ဦးတို့မှာ ထိခိုက်​ဒဏ်​ရာတွေ ရရှိခဲ့ပါတယ်။

သထုံမြို့၊ နန်းခဲရပ်ကွက်မှ မခင်ဌေးဝင်းက “ကျမတို့အိမ်ထဲမှာထိုင်ပြီး စကားပြောနေတုန်း (ဒုန်း) ဆိုတဲ့ အသံကြားလိုက်လို့ အပြင်ထွက်ကြည့်တော့ လမ်းလယ်မှာ ကား နှစ်စီး မျက်နှာချင်း ဆိုင်တိုက်ထားတာပါ။ ဘုရားဖူးကားက သူ့လမ်းကနေ ဟိုဘက်လမ်းကို ရောက်နေတာပါ။ အဲဒီကားခေါင်းခန်းမှာ ပါတဲ့ကောင်မလေးက ၁၀ တန်းကျောင်းသူလို့ပြောတာကြားတယ်။ သူကတော့ ပွဲချင်းပီးပဲ။ သံဖြူဇရပ်ကလာပြီး ကျိုက်ထီးရိုးဘုရားလာဖူးပြီး အပြန်မှာတိုက်ကြတာပါ" လို့ ပြောပါတယ်။

သထုံမြို့မရဲစခန်းက ဘုရားဖူးယာဉ်မောင်း အောင်မျိုးကျော်ကို ယာဉ်ပေါ့ဆစွာမောင်းနှင်လို့  လူသေမှု၊ ပြင်းထန်ဒဏ်ရာရစေမှု၊ သာမန်နာကျင်စေမှု ပုဒ်မ-၃၀၄(က)/၃၈၈/၃၇၇ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-ယူမင်းစိုး

ဓာတ်ပုံ-အကြင်နာတွဲလက်လူမှုကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013