DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့ရှိ တံတားတစင်း ဆယ်ဘီးကားဖြတ်မောင်းစဉ် ပြိုကျ
DVB
·
March 5, 2018
ဗန်းမောက်မြို့ရှိ တံတားတစင်း ဆယ်ဘီးကားဖြတ်မောင်းစဉ် ပြိုကျ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိ၊ ဗန်းမောက်-ဟုမ္မလင်းသွား ကားလမ်းပေါ် သရက်ကုန်းရွာနဲ့  အရှေ့ကုန်းရွာကြား၊ ချောင်းကြီးချောင်းကူး ပေ ၂၄၀အရှည်ရှိ ကူးဆိပ်တံတားပေါ်ကို ဘက်ဟိုးတင်ထားတဲ့ ၁၀ ဘီးကားတစ်စီး မတ်လ ၄ ရက်နေ့ ညနေပိုင်းက ဖြတ်သန်းစဉ် တံတားကျိုးကျ ပျက်စီးသွားပါတယ်။

ဒီကူးဆိပ်တံတားကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစတင်ကာ ဒေသခံတွေရဲ့ ထည့်ဝင်ငွေ ကျပ်သိန်း ၂၀၀၀ နဲ့  ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားတဲ့ သစ်သားခင်း ဘေလီတံတားတစ်စင်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ တံတားတည်ဆောက်မှုရပ်နားခဲ့ပေမယ့် ငွေကြေးအခက်အခဲကြောင့် ဘေးချုပ်တန်းတွေ မတပ်ဆင်ရသေးဘူးလို့လည်း သိရပါတယ်။

တိုင်းဒေသကြီး လွှတ်တော်တက်ရောက်နေတဲ့ ဗန်းမောက်မြို့နယ်ကိုယ်စားလှယ် ဦးညီညီဟန်က “တံတားက အပြီးမသတ်ရသေးတော့ ကြံ့ခိုင်မှုအားနည်းတယ်။ မနှစ်က ၁၁ လပိုင်း လောက်ကလည်း အခုလိုပဲ ကားတစီးဖြတ်လို့ ညွတ်နေတာ။ တံတားအောက်ကွင်းလမ်းတော့ ရှိပြီးသား။ ဒါပေမယ့် ကားသမားက အကြောင်းမသိလို့ မောင်းတယ်ထင်ပါတယ်။ ကျိုးသွားတာပေါ့။ ဒေသခံတွေကတော့ တံတားပြန်ဆောက်ပေးဖို့ ညှိနှိုင်းနေတယ်လို့ ကြားတယ်။ ကိုယ်ထူကိုယ်ထ လုပ်ထားတာဆိုတော့ ဒေသခံတွေအနေနဲ့ကတော့ မတတ်နိုင်ဘူး။ အဆင်ပြေအောင် ညှိနှိုင်းနေတယ်လို့တော့ သိရပါတယ်" လို့ ပြောပါတယ်။

ကားက MDY-8L/1613 ဖြူစိမ်းရောင် ၁၀ ဘီးကားဖြစ်ပြီး ကားပေါ်မှာ ဘက်ဟိုးတစီး တင်ဆောင်လာတာဖြစ်ပြီး အရှေ့ကနေ အနောက်ကိုသွားတာပါ။

ဒေသခံကုန်ကားတွေကတော့ တံတားအခြေအနေသိတဲ့အတွက် တံတားအောက် ကွင်းလမ်းက သွားနေကျဖြစ်ပေမယ့် အကြောင်းမသိတဲ့ ကားတွေကတော့ တံတားပေါ်က ဖြတ်သွားတတ်တယ်လို့လည်းဆိုပါတယ်။

တံတားကျိုးကျသွားတဲ့အတွက် လောလောဆယ်မှာတော့ ကွင်းလမ်းကိုပဲအသုံးပြု သွားလာနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013