DVB Logo
Home
မြန်မာသတင်း
အင်းပါတီ ၂ ခုပေါင်းပြီး တပါတီတည်းဖြစ်ထူထောင်ရန် ဆုံးဖြတ်
DVB
·
March 5, 2018
အင်းပါတီ ၂ ခုပေါင်းပြီး တပါတီတည်းဖြစ်ထူထောင်ရန် ဆုံးဖြတ်
Donate to DVB

 

ရှမ်းပြည်နယ်က အင်းတိုင်းရင်းသားပါတီ ၂ ခုဖြစ်တဲ့ အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီနဲ့ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ၂ ပါတီတို့ဟာ တပါတီတည်းအဖြစ် ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နှစ်ဖက်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က ညောင်ရွှေမြို့နယ် ဇင်ယော်ဟိုတယ်မှာ တွေ့ဆုံစဉ် ပူးပေါင်းဖို့ ဆုံးဖြ တ်ချက်ချခဲ့ကြတာလို့ အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“အမှန်ကတော့ ဒီကိစ္စက ပြောဆိုနေတာတော့ကြာပါပြီ။ ယတိပြတ်ဆုံးဖြတ်ချက်မချတာ ကလွဲလို့ ဒီသဘောတရားနဲ့ နှစ်ဖက်စလုံးကတော့ သဘောမျှနေတာတော့ကြာပြီပေါ့၊ အဲဒီနေ့က မြို့နယ်တိုင်းရင်းသားပါတီအင်အားစု တတိယအကြိမ်အစည်းအဝေးက ညောင်ရွှေမှာ လာလုပ်တ ယ်၊ အဲဒီအစည်းအဝေးမှာ နှစ်ဘက်လုံးစုံတာနဲ့ အဲဒီကိစ္စကိုပါ ပြောကြရင်း ၂ ပါတီပူးပေါင်းဖို့ ယ တိပြတ်ဆုံးဖြတ်လိုက်တာပါ။”

၂ ပါတီပူးပေါင်းပြီး ပါတီသစ်အတွက် အမည်၊ တံဆိပ်၊ အလံစတာတွေတော့ နောင် လာမယ့် အစည်းအဝေးတွေမှာ ဆွေးနွေးဆုံးဖြတ်မှာဖြစ်ပါတယ်။

အခုလိုဆုံးဖြတ်လိုက်တာကြောင့်  ကိုယ့်လူမျိုး၊ ကိုယ့်ဒေသနဲ့ ကိုယ့်နိုင်ငံအတွက် အမှန်တကယ်လိုအပ်တဲ့ နိုင်ငံရေး လမ်းကြောင်းဟာ ဘာလဲဆိုတာကို ပြည်သူတွေဆီက ပြန်လည် သဘောထားတောင်းခံ အကောင်အထည်ဖော်သွားမယ်လို့ ပါတီခေါင်းဆောင်တွေက ဆိုပါတယ်။

အင်းတိုင်းရင်းသား ၂ ပါတီဟာ အရင်ကလည်း ပါတီရည်ရွယ်ချက်ကွဲလွဲမှုမရှိဘဲ လုပ်ပုံလုပ်နည်းတွေကွာခြားတာကြောင့် ၂ ပါတီဖြစ်ခဲ့တာဖြစ်ကြောင်း ၊ နောင်တပါတီ တည်းဖြ စ်သွား ရင်တော့ အင်းသားလူမျိုးအားလုံးဖြစ်ချင်တဲ့ နိုင်ငံရေးပုံစံတစ်ခုကို လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရဖို့ မျှော်လင့်တယ်လို့ ဦးတင်စိုးက ပြောပါတယ်။

အင်းအမျိုးသားတိုးတက်ရေးပါတီကို ၂၀၁၀ ပြည့်နှစ်က ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်လွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာနဲ့ အင်း တိုင်းရင်းသားရေး ရာဝန်ကြီး တစ်ဦးတို့အနိုင်ရခဲ့ပါတယ်။

အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီကို ၂၀၁၅ မှာဖွဲ့စည်းပြီး  ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့လို့ လက်ရှိ လွှတ်တော်ထဲမှာ အင်းတိုင်းရင်းသားကိုယ်စားပြုအမတ် တစ်ဦးမှရှိမနေပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013