DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးသူနှင့် လူကုန်ကူးခံရသူများအနက် အမျိုးသမီးအရေအတွက် ပိုများနေ
DVB
·
March 5, 2018
လူကုန်ကူးသူနှင့် လူကုန်ကူးခံရသူများအနက် အမျိုးသမီးအရေအတွက် ပိုများနေ
Donate to DVB

လူကုန်ကူးသူတွေရော လူကုန်ကူးခံရသူတွေထဲမှာပါ အမျိုးသမီးဦးရေက နှစ်ဆကျော်ပိုများနေတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၁၈ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ လူကုန်ကူးမှုပေါင်း ၃၈ မှုဖြစ်ခဲ့ပြီး တရားခံက ၁၁၁ ယောက်ရှိပါတယ်။ ဒီထဲမှာ အမျိုးသမီး ၈၀ ပါပြီး အမျိုးသားက ၃၁ ယောက်ရှိပါတယ်။

လူကုန်ကူးခံရသူကတော့ အယောက် ၅၀ ရှိပြီး ကလေး ၄ ယောက်အပါအဝင် အမျိုးသမီး ၄၈ ယောက်၊ အမျိုးသား ၂ ယောက်ဖြစ်ပါတယ်။

ဖြစ်ပွားခဲ့တာ အများဆုံးကတော့ ရှမ်းပြည်နယ်ဖြစ်ပြီး ၁၂ မှု ရှိပါတယ်။ ရန်ကုန်တိုင်းမှာတော့ ၁၁ မှု ဖြစ်ခဲ့ပါတယ်။ ရန်ကုန်နဲ့ ရှမ်းပြည်နယ်ဟာ ပြီးခဲ့တဲ့ တနှစ်လုံးမှာလည်း လူကုန်ကူးတာ အများဆုံးဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီကနေ ဒီဇင်ဘာလအထိ လူကုန်ကူးမှုပေါင်း ၂၂၅ မှု ရှိပြီး တရားခံက ၆၄၄ ယောက်ရှိပါတယ်။ ဒီထဲမှာ အမျိုးသမီး ၄၃၀ ပါပြီး အမျိုးသား ၂၁၄ ယောက်ဖြစ်ပါတယ်။

လူကုန်ကူးခံရသူကတော့ ၃၆၀ ရှိပြီး ကလေး ၄၄ ယောက်အပါအဝင် အမျိုးသမီး ၂၈၆ ယောက်၊ အမျိုးသားကတော့ ကလေး ၁၁ ယောက် အပါအဝင် ၇၄ ယောက် ဖြစ်ပါတယ်။

လူကုန်ကူးတဲ့ အကြောင်းရင်းတွေထဲမှာ အဓမ္မလက်ထပ်ဖို့ တရုတ်နိုင်ငံကို ပို့ဆောင်တာကတော့ အများဆုံး ဖြစ်ပါတယ်။

ဓာတ်ပုံ - လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013