DVB Logo
Home
မြန်မာသတင်း
ပရီမီယာကော်ဖီစက်ရုံ အလုပ်သမားများ သီတင်း ၃ ပတ်ကြာ ဆက်လက်ဆန္ဒပြနေ
DVB
·
March 5, 2018
ပရီမီယာကော်ဖီစက်ရုံ အလုပ်သမားများ သီတင်း ၃ ပတ်ကြာ ဆက်လက်ဆန္ဒပြနေ
Donate to DVB

 

အလုပ်သမားရပိုင်ခွင့်တွေအတွက် စုပေါင်းတောင်းဆိုနေတာ ၃ပတ်ကြာမြင့်နေပြီဖြစ်တဲ့ ပရီမီယာကော်ဖီစက်ရုံက အလုပ်သမား ၆၀၀လောက်ဟာ  အလုပ်ရှင်နဲ့ ဆွေးနွေးညှိနှိုင်းမှု မပြေလည်သေးတာကြောင့် ဆက်လက်ဆန္ဒပြနေကြပါတယ်။

ရန်ကုန် လှိုင်သာယာစက်မှုဇုန်၃မှာရှိတဲ့  ပရီမီယာကော်ဖီစက်ရုံက အလုပ်သမားတွေဟာ ဖေဖော်ဝါရီလ ၁၃ရက်နေ့က စပြီး  တောင်းဆိုချက်၁၄ချက်နဲ့ စက်ရုံရှေ့မှာ ဆန္ဒဖော်ထု တ်နေကြတာပါ။

ပရီမီယာအလုပ်သမားသမဂ္ဂအတွင်းရေးမှူး ဒေါ်ခင်မမက “ညှိနှိုင်းမှု ၇ကြိမ်မှာ အချက်၁၀ချက်ကို  နှုတ်အားဖြင့် သဘောတူထားတယ်။ အဓိက ၄ချက် ကျန်ပါတယ်။ ဒီထဲမှာ အလုပ်သမားတွေကို ခွဲခြားဆက်ဆံခြင်းမပြုဖို့ဆိုတဲ့ အချက်ပါဝင်ပါတယ်။ စက်ရုံမှာ နောက်မှ ခန့်ထားတဲ့ လူသစ်၁၅၀လောက်ကို နှစ်တိုးကြေး ထမင်းစရိတ်မပေးဘူး။ ၅လပိုင်းမှာ ထမင်းစရိတ်စပေးမယ်ဆိုပေမယ့်လည်း နှစ်တိုးကြေးကိုတော့ ပေးစေချင်တယ်”လို့ ပြောပါတယ်။

ဒီစက်ရုံမှာ အလုပ်သမား၉၀၀လောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး  ဆန္ဒပြအလုပ်သမားတွေအနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်ကလဲ လှိုင်သာယာမြို့နယ်ထဲမှာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013