DVB Logo
Home
မြန်မာသတင်း
ပြင်ဆင်ထားသည့် အခွန်အကောက်ဥပဒေကြမ်းကြောင့် အခွန်ငွေအနည်းငယ်လျော့ကျနိုင်
DVB
·
March 5, 2018
ပြင်ဆင်ထားသည့် အခွန်အကောက်ဥပဒေကြမ်းကြောင့် အခွန်ငွေအနည်းငယ်လျော့ကျနိုင်
Donate to DVB

ပြင်ဆင်ဖြည့်စွက်ထားတဲ့ အခွန်အကောက်ဥပဒေကြမ်းမှာ  လူတဦးချင်း ဝင်ငွေ ကျပ်သိန်း ၆၀ အထက်ရရှိမှ အခွန်ထမ်းဆောင်ရမှာဖြစ်လို့ အခွန်ငွေ အနည်းငယ်လျော့ကျနိုင်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းတဲ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီကနေ ဖေဖော်ဝါရီ ၂၆ ရက် နေ့စွဲနဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ပါတယ်။

အဲဒီအစီရင်ခံစာမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်သွင်းတဲ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းမှာ လူတဦးချင်း ဝင်ငွေ တနှစ် ၄၈ သိန်းအထက် ရရှိရင် အခွန်ကောက်ခံဖို့ တင်ပြခဲ့ပါတယ်။ ဒီအပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီကနေ တနှစ် ဝင်ငွေခွန် ကျပ်သိန်း ၆၀ ရရှိမှ အခွန်ထမ်းဆောင်သင့်တယ်လို့ ပြင်ဆင်ဖြည့်စွက်လိုက်တာလို့ ဆိုပါတယ်။

အဲဒီဥပဒေသစ် အတည်ဖြစ်လာရင် အရင်ထက် အခွန်ရရှိမှု အနည်းငယ် ကျဆင်းလာနိုင်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ဖေဖော်ဝါရီ ၁၃ ရက်က အဲဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီကနေ ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၂၆ ရက်အထိ ဆွေးနွေးပွဲ ၆ ရက် ကျင်းပခဲ့တာပါ။

စီးပွားရေးဆောင်းပါးရှင် ဦးအောင်ချိန်ဘွားက “ဆွေးနွေးမှုတွေလုပ်ပြီး တနှစ် လစာငွေ ကျပ်သိန်း ၄၈ သိန်းအထက်ရရှိရင် အခွန် ၅ ရာခိုင်နှုန်းကောက်ခံမယ့်အပေါ် ကျပ်သိန်း ၆၀ ကို ပြောင်းလဲလိုက်တာလို့ ဆိုပါတယ်။ ဝင်ငွေခွန် ကောက်ခံတဲ့အခါ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ မိသားစု ၄ ယောက်နဲ့ တွက်ချက်ပြီး မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မိသားစု  ၅ ယောက် နဲ့ကောက်ခံလေ့ ရှိပါတယ်။ အဲဒါကြောင့် အခွန်ကောက်ခံတဲ့နေရာမှာ မြန်မာနိုင်ငံအနေနဲ့ တနှစ် ဝင်ငွေ ကျပ်သိန်း ၆၀ အထက်ရရှိမှ ကောက်ခံသင့်တယ်”လို့   ပြောပါတယ်။

စီမံဘဏ္ဍာဝန်ကြီးဌာနက တင်သွင်းတဲ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းမှာ တနှစ်လစာဝင်ငွေ ကျပ်သိန်း ၂၀ ကနေ ကျပ်သိန်း ၅၀ အထိရှိရင် အခွန် ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထက် ဝင်ငွေရရှိရင် အခွန်ကို ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံဖို့ ရေးဆွဲထားတာပါ။

လစာငွေအပေါ် ဝင်ငွေခွန်ကောက်ခံမှုဟာ တနှစ်ကို ကျပ်ငွေ ဘီလီယံ တရာကျော် ရရှိတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013