DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်ယာဉ်တိုက်မှု ၁ ဦးသေ၊  ၃ ဦးဒဏ်ရာရ
DVB
·
March 5, 2018
ဝမ်းတွင်းမြို့နယ်ယာဉ်တိုက်မှု ၁ ဦးသေ၊  ၃ ဦးဒဏ်ရာရ
Donate to DVB

 

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၅၃/၄ နဲ့ ၅အကြား ဝမ်းတွင်းမြို့နယ်မှာ မတ်လ ၄ရက်က ရပ်ထားတဲ့ ၆ ဘီးကားနောက်ပိုင်းကို ၁၂ ဘီးကားက ဝင်တိုက်မိရာ ၃ ဦးဒဏ်ရာရပြီး ၁ ဦး သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

အိမ်ဆောက်ပစ္စည်း တွေတင်ထားတဲ့ ၆ ဘီးကားက တောင်ဇချမ်ကုန်းရွာလမ်းခွဲမှာ ရပ်နားနေစဉ် လားရာတူ ၁၂ ဘီးကားက ဝင်တိုက်တာပါ

ယာဉ်တိုက်မှုကြောင့် အုတ်တွင်းမြို့နေ ၁၂ဘီးယာဉ်မောင်း အသက် ၆၂နှစ်ရှိ ဦးအောင်မျိုး သေဆုံးသွားပြီး ယာဉ်နောက်လိုက် ကိုအောင်ကိုကိုမင်းလည်း ဒဏ်ရာရပါတယ်။ ကျောက်ပန်းတောင်းမြို့နေတဲ့ ၆ဘီးယာဉ်မောင်း ကိုအောင်ကျော်ဇေယျနဲ့ တမြို့တည်းနေ ယာဉ်နောက်လိုက် ကိုအေးမင်းတို့လည်း ဒဏ်ရာရသွားပါတယ်။

ဝမ်းတွင်းမြို့မ ရဲစခန်းဒုရဲအုပ်သိန်းဇော်‎သန်းက“၁၂ဘီးကား ခေါင်းပိုင်းပြားပြီး ချုံသွားတယ်။ ယာဉ်မောင်းဦးအောင်မျိုး ညှပ်နေတယ် အတော်ဆွဲထုတ်ရတယ်။ ဝမ်းတွင်းဆေးရုံ ပို့နေတုန်း လမ်းမှာတင် သေဆုံးသွားတယ်။ ၁၂ ဘီးကား ယာဉ်နောက်လိုက်လည်း ဒဏ်ရာရတယ်။ ၆ဘီးကား ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၂ဦးလည်း ဒဏ်ရာရတယ်။ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ် မစိုးရိမ်ရပါဘူး" လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းမှာ ၁၂ဘီး ယာဉ်မောင်း ဦးအောင်မျိုးကို ယာဉ်မဆင်မခြင် ပေါဆစွာမောင်းတဲ့အတွက် လူသေမှု၊ သာမန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ နဲ့ ယာဉ်(ပ)၄/၂၀၁၈ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013