DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့ မီးလောင်မှု လူ ၉၀၀ နီးပါး အကူအညီ လိုအပ်နေ
DVB
·
March 4, 2018
ရေစကြိုမြို့ မီးလောင်မှု လူ ၉၀၀ နီးပါး အကူအညီ လိုအပ်နေ
Donate to DVB

 

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမီးလောင်မှု ဖြစ်စဉ်ကြောင့် အိမ်ခြေ ၁၅၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၉၀၀ နီးပါး အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးမင်းဟန် က “အခုက ဒေသခံ ရွာသားတွေကို နီးစပ်ရာရွာတွေ၊ ရွာက ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ ထားရှိတယ်။ အလှူရှင်တွေကတော့ လာလှူနေပေမယ့် အကူအညီတွေကတော့ လိုနေတုန်းပါ”လို့ ရေစကြိုမြို့နယ် ပြောပါတယ်။

လက်ရှိအချိန်မှာ လူကယ်ပြန်ကနေ ပထမဆုံးအနေနဲ့ ပစ္စည်း ၁၆ မျိုးပါ အိတ်နဲ့ အိမ်ထောင်တစ်စု ကို ငွေသားတစ်သိန်းစီ ကူညီဖို့ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ကနေလည်း ဆန်အိတ်တစ်ရာကျော် လာလှူဖို့ရှိတယ်လို့ ပြောပါတယ်။

ရေစကြိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးမင်းဟန် က “လောလောဆယ် စားရေးသောက်ရေးက လာလှူတဲ့လူတွေရှိနေပေမယ့်လည်း တကယ်တမ်း ပြန်လည်တည်ဆောက်ရေးကိစ္စတွေ ဆောင်ရွက်ချိန်မှာ ပိုပြီး အကူအညီ လိုလာ တယ်။ ရွာသားတွေအားလုံးက ဘာပစ္စည်းမှတောင် မယူနိုင်ဘူး။ အကုန်လုံး အသက်လုပြီး ထွက်ပြေးကြရတာ”လို့ ပြောပါတယ်။

မီးဘေးသင့်မှု ဖြစ်စဉ်မှာ တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူ ၁၀ ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီအတွက် ပခုက္ကူပါချုပ်တွေ၊ တက္ကသိုလ်က ဆရာဆရာမတွေနဲ့ ပူးပေါင်းပြီး အနီးကပ်သင်ကြားမှုတွေ ပြုလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

မတ်လ ၃ ရက်နေ့ ည ၈ နာရီကျော်လောက်က ရေစကြိုမြို့နယ် သစ်တောကြီးကျေးရွာက မြေးအဖိုး ၂ ယောက်က ရေနွေးအိုးတည်နေရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

မီးလောင်တဲ့ သစ်ကြီးတောကျေးရွာဟာ နေအိမ် ၇၀၀ ကျော်ရှိတာဖြစ်ပြီး ၁၅၄ အိမ်က မီးလောင်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကျေးရွာဟာ ရေစကြိုမြို့ကနေ မိုင် ၂၀၀န်းကျင်ခန့် ကွာဝေးတာဖြစ်ပြီး မွေးမြူရေးနဲ့ အငှားလုပ်ငန်း လုပ်ကိုင်တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

သားကြီး(တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013