DVB Logo
Home
မြန်မာသတင်း
ကျောက်ထုတ်လုပ်မှု ပတ်ဝန်းကျင်မထိခိုက်ရန် ကြပ်မတ်နေဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူးပြော
DVB
·
March 4, 2018
ကျောက်ထုတ်လုပ်မှု ပတ်ဝန်းကျင်မထိခိုက်ရန် ကြပ်မတ်နေဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူးပြော
1 / 5
Donate to DVB

 

ရေးမြို့နယ်အတွင်း လမ်းဦးစီးဌာနလုပ်ငန်းများအပါအ၀င် နတလ၊ စည်ပင်နဲ့ ကျေးလက် ဦးစီးဌာနလုပ်ငန်းများ၊ အစိုးရနဲ့ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် ကျောက်လိုအပ်ချက် မြင့်မားနေပြီး သက်ဆိုင်ရာမှ သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေး ကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ''သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနဆိုတာ ရှိပါတယ်။ သူတို့က မထိခိုက်နိုင်ဘူးဆိုမှ လိုင်စင်ထုတ်ပေးပါတယ်၊ မြို့နယ်အနေနဲ့ကတော့ ရရှိလာတဲ့ အချက်အလက်တွေအားလုံး ပြည့်စုံမှန်ကန်တယ်ဆိုရင် လိုင်စင်လုပ်ပေးမယ်။ ကျောက်ထုတ်လုပ်ရေးနဲ့ပတ်သက်လို့ အကြောင်းအရာကိုကြည့်ပြီး ဖြေရှင်းလို့ရတာတွေကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ဖြေရှင်းပေးပါမယ်'' လို့ ပြောပါတယ်။

အရင်နှစ်က ကျောက်ထုတ်လုပ်ရေးလုပ်ငန်းလိုင်စင်ရ ၂၀ ဦးရှိခဲ့ပြီး အခုနှစ်မှာ ၁၈ ဦး လာရောက်လျှောက်ထားပြီးဖြစ်ကာ ထပ်မံလျှောက်ထားဖို့လည်း ရှိနေတယ်လို့ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

YE Group Co.Ltd မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်ခိုင်က ''မြို့နယ်ရဲ့ ကျောက်လိုအပ်ချက်က လမ်းခင်းကျောက်မျိုးစုံ၊ အဆောက်အဦဆောက်တဲ့ကျောက်တွေ၊ နိုင်ငံတော်ရဲ့တည်ဆောက်တဲ့လုပ်ငန်းတွေ၊ ဒေသတွင်းအဆောက်အဦသုံး လိုအပ်ချက်အတွက် နှစ်စဉ်မြင့်တက်နေတယ်။ လုပ်ခဲ့တဲ့အတွေ့အကြုံအရ လိုအပ်မှုက တစ်နှစ်ကို ကျောက်ကျင်းရေ သုံးသောင်းဝန်ကျင်ရှိတယ်။ လာမယ့်ဘတ်ဂျက်မှာ လမ်းလုပ်ငန်းတွေများလို့ ပိုပြီးလိုအပ်ပါဦးမယ်'' လို့ ပြောပါတယ်။

''ကျောက်လိုအပ်ချက် တိုးတက်လာတာနဲ့အမျှ ကျောက်မိုင်းတွေ တိုးလာနိုင်တဲ့ အနေအထား ရှိနိုင်ပေမယ့် မိုင်းခွဲတဲ့စနစ်အရ၊ လုံခြုံရေးအပိုင်းအရ၊ သဘာဝပတ်ဝန်းကျင် အခြေအနေအရ မသုံးသင့်တဲ့အထဲမှာပါတယ်၊ ခေတ်မှီစက်ယန္တရားတွေသုံးပြီး ဆောင်ရွက်လို့ ရနေပြီ၊ သဘောကတော့ မိုင်းနဲ့ခွဲလို့ရှိရင် ယမ်းရဲ့ပေါက်ကွဲမှုက လမ်းကြောင်းတွေ အများကြီး ဖြစ်သွားနိုင်လို့ ပတ်ဝန်းကျင်ကိုထိခိုက်နိုင်တယ်။ Breaker လို့ခေါ်တဲ့ ခေတ်မှီစက်ယန္တရားကို သုံးပြီးလုပ်ရင် ပိုကောင်းမယ်လို့ အကြံပြုချင်တယ်။ လုပ်လည်းလုပ်နေကြပြီ'' လို့ သူက ဆက်လက်ပြောကြားပါတယ်။

ဝင်းနိုင်သက်

ဓါတ်ပုံ - ရေးမြို့နယ်ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013