DVB Logo
Home
မြန်မာသတင်း
ကောလာဟလသတင်းတင်ခဲ့သည့် ကိုပေါ်လင်း အဆိုတော်မနောကို ပြန်တောင်းပန်
DVB
·
March 4, 2018
ကောလာဟလသတင်းတင်ခဲ့သည့် ကိုပေါ်လင်း အဆိုတော်မနောကို ပြန်တောင်းပန်
1 / 4
Donate to DVB

 

အဆိုတော်မနောဟာ အနုပညာကြေး သိန်း ၄၀ ကျပ်ယူကာ သီချင်း ၁၂ ပုဒ်ထက် ပိုမတောင်းဆိုရဘူးဆိုတဲ့ ကောလာဟလသတင်းကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့တဲ့ Shine Shine အကောင့်ပိုင်ရှင်က ဒီနေ့ ပြန်လည်တောင်းပန်လိုက်ပါတယ်။

ကလေးမြို့ သတင်းအကုန်သိရန် ဖေ့စ်ဘွတ်ခ်အကောင့်ကနေ Shine Shine အကောင့်ပိုင်ရှင် ကိုပေါ်လင်းက ပြန်လည်တောင်းပန်လိုက်တာပါ။

"၂၇. ၁. ၂၀၁၇ နေ့က ကျနော် တင်ခဲ့သော ကျောင်းတိုက်ရွာအလှူပွဲမှ အဆိုတော်မနော၏အကြောင်းအရာများမှာ ကောလာဟလစကားများကို မှားယွင်းစွာ ရေးသားဖော်ပြမိခဲ့ပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော့် အနေဖြင့် အဆိုတော်ကိုမနောကို အနူးအညွတ် ၀န်ချတောင်းပန်အပ်ပါတယ်ခင်ဗျား... ကိုမနောကို ချစ်သောပရိသတ်များ၊ အလှူ့ဒကာ၊ အလှူဒါယိကာမများနှင့်တကွ ကျောင်းတိုက် ရွာသူ/ ရွာသားများ အားလုံးကိုလည်း ကျွန်တော့အမှားအတွက် ၀န်ချတောင်းပန်အပ်ပါတယ် ခင်ဗျား.... ပေါ်လင်း" လို့ ရေးသားတောင်းပန်ထားပါတယ်။

Shine Shine အကောင့်ပိုင်ရှင် ကိုပေါ်လင်းဟာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အဆိုတော်မနောနဲ့ ပတ်သက်ပြီး "ကလေးမြို့ကျောင်းကြီးတိုက်ရွာ အလူမင်္ဂလာမှာ အဆိုတော် မနော လာရောက်သီဆိုဖို့ ငှားရန်းတဲ့အခါမှာသီချင်း ၁၂ ပုဒ်ကို သိန်း ၄၀ တဲ့ ၁၂ ပုဒ်ထက် ပိုမတောင်းရဘူးတဲ့၊ လေယာဉ်လက်မှတ်ကလည်း အဆင်သင့်လုပ်ပေးထားရမယ်တဲ့၊ သူရောက် လာတဲ့အခါ ရွာသူရွာသားတွေသူကို လာလာမတွေ့ပါစေနဲ့တဲ့၊ အဲ့ဒါတွေ အကုန်လုပ်ပေးနိုင်မှ ရမယ်တဲ့။ ကျောက်တိုက်ရွာဟာ ကိုလေးဖြူ၊ ကိုအငဲတို့ အကြာကြီးနေခဲ့တဲ့ရွာပါ။ အဆိုတော် တယောက်ကို ငမ်းငမ်းတက်မမြင်မတွေ့ဘူးတဲ့ရွာ မဟုတ်ပါဘူး။ အနုပညာကိုချစ်တဲ့ ရိုးသားတဲ့ ထမင်းရှင်တွေကို ဒီလိုစကားကြီးတွေနဲ့ ကျေးဇူးမဆပ်ပါနဲ့ခင်ဗျား။ ကိုယ်ချစ်လို့အားပေးတဲ့နယ်က လူတွေဟာ အရိုင်းအဆိုင်းတွေ မဟုတ်ပါဘူးလို့ ကိုမနောသိစေချင်တယ်။ စာရေးသူ ပေါ်လင်း" လို့ ရေးသားတင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် မနောအနေက အဲဒီပို့စ်အပေါ် "ဒီပို့စ်တင်သူအရမ်းလွန်တယ်ဗျာ၊ ကျနော်နဲ့တေးချစ်သူကို ရန်တိုက်ပေး လိုက်တာပဲဗျာ၊ တကယ်စိတ်မကောင်းဘူးဗျာ။ ဒီလိုကိစ္စကို ဘယ်လိုဖြေရှင်းမှန်း မသိတော့ပါဘူး၊ ကိုယ်ချင်းစာတရားရှိနိုင်ပါစေ" လို့ ပြန်လည်ရင်ဖွင့်ထားပါတယ်။

အခုလို အဆိုတော်မနောအပေါ် မဟုတ်မမှန် ပြောဆိုခဲ့တာကြောင့် Shine Shine အကောင့်ပိုင်ရှင် ကိုပေါ်လင်းကို facebook အကောင့်အတော်များများက ရှုတ်ချ ဝေဖန်နေကြတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013