DVB Logo
Home
မြန်မာသတင်း
နေတိုးနှင့်ဗီယက်နမ်မင်းသမီးတို့ အနမ်းဖလှယ်သည့်ဇာတ်ဝင်ခန်း ပရိသတ်ကြား ရေပန်းစား (နမူနာ)
DVB
·
March 4, 2018
နေတိုးနှင့်ဗီယက်နမ်မင်းသမီးတို့ အနမ်းဖလှယ်သည့်ဇာတ်ဝင်ခန်း ပရိသတ်ကြား ရေပန်းစား (နမူနာ)
Donate to DVB

 

    မြန်မာနာမည်ကြီးသရုပ်ဆောင် မင်းသားတဦးဖြစ်တဲ့ နေတိုးနဲ့ ဗီယက်နမ်သရုပ် ဆောင်မင်းသမီး ငုယင်ထရန်ဟုရန်မေတို့ ခေါင်းဆောင်ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းနမူနာဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။

    ဒီရုပ်ရှင်ကားရဲ့ နာမည်ကိုတော့ တိမ်တိုက်တံတားလို့ အမည်ပေးထားပြီး 7th Sense Film Production ကနေ ထုတ်လုပ်ရိုက်ကူးထားတာ ဖြစ်ကာ မြန်မာသရုပ်ဆောင်တွေဖြစ်တဲ့ ထွန်းထွန်းနဲ့ ခင်ဝင့်ဝါတို့လည်း ပါဝင်ထားကြတာပါ။

    ဇာတ်ညွှန်းကတော့ မိုးနီလွင်ဖြစ်ပြီး ဒါရိုက်တာ သြရသ ရိုက်ကူးပုံဖော်ထားတဲ့ ဒီ ဇာတ်ကားဟာ စတင်ရိုက်ကူးမှုတွေ မလုပ်ခင်ကတည်းက နာမည်ကြီးနေခဲ့တာဖြစ်ပြီး မကြာခင်မှာတော့ ရုံတင်ပြသနိုင်တော့မှာ ဖြစ်ပါတယ်။

    လက်ရှိထွက်ပေါ်လာတဲ့ ဇာတ်ဝင်ခန်းထဲက သရုပ်ဆောင်မှုတွေမှာတော့ နေတိုးနဲ့ ဗီယက်နမ်မင်းသမီး ငုယင်ရဲ့ ချစ်ခန်းကြိုက်ခန်းတွေဟာ တကယ့်ကို ပီပြင်လွန်းတယ်ဆို ပြီး ပရိတ်သတ်တွေကြားမှာ နာမည်ကြီးနေခဲ့တာပါ။

    တေးရေး ဝေကြီးရေးစပ်ပြီး နန်းဆုဦးသီဆိုထားခဲ့တဲ့ ဇာတ်ဝင်သီချင်းနဲ့ အသက်ဝင်လှတဲ့ သရုပ်ဆောင်မှုတွေမှာတော့ ဘီကီနီဝတ်စုံဝတ် ငုယင်နဲ့ နေတိုးတို့ရဲ့ ရေကူး ကန်တွင်း အနမ်းချင်းဖလှယ်နေကြတဲ့ ဇာတ်ဝင်ခန်း သရုပ်ဆောင်မှုတွေကို ရုပ်သံနမူနာထဲမှာ တွေ့ကြရမှာပါ။

    ဒီရုပ်သံဗွီဒီယိုဖိုင်ကို Myanmar Media 7 မှ ကိုဝေမင်းမောင်ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်မှာ မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၀င်ရောက်ကြည့်ရှုသူ ၂ သိန်း ကျော်နေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013