DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးနှင့် လက်ထပ်ရန်လာသည့် တရားမ၀င် တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းမိ
DVB
·
March 4, 2018
မြန်မာအမျိုးသမီးနှင့် လက်ထပ်ရန်လာသည့် တရားမ၀င် တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းမိ
Donate to DVB

 

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှာ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁ ရက်နေ့ ညနေပိုင်းက ကျိုင်းတုံမြို့နယ်၊ ပါယုတ်ကျေးရွာနေ မနာတဲရဲ့ အိမ်မှာ တရုတ်နိုင်ငံသား ၂ ဦးအား တရားမဝင်ခေါ်ဆောင်ထားကြောင်း သတင်းအရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ သွားရောက် ရှာဖွေရာ မနာတဲ၊ စောလမွန်နဲ့ တရုတ်နိုင်ငံသား Mr Kya Pha၊ Mr.Kya Lar တို့အား တွေ့ရှိလို့ ကျိုင်းတုံလဝကကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

မနာတဲအား စစ်မေးရာ ၂၀၁၇ ဇန်နဝါရီလအတွင်းက ကျိုင်းတုံမြို့နယ် ပါယုတ်ကျေးရွာမှ ကျိုင်းတုံ-မိုင်းခတ်-မိုင်းဖျန်လမ်းအတိုင်း တရုတ်နိုင်ငံ ကျူးကော်မြို့ ဟူနန်းကျေးရွာမှာ တရားမဝင် သွားရောက် အလုပ်လုပ်ခဲ့ပြီး Mr.Kya Lar နဲ့ လက်ထပ်ပေါင်းသင်းဖို့အတွက် စောလမွန်နဲ့အတူ တရုတ်နိုင်ငံသား ၂ ဦးအား မနာတဲရဲ့ မိဘတွေရှိရာ ပါယုတ်ကျေးရွာကို ဆိုင်ကယ်နဲ့ ခေါ်ဆောင် လာခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

သူတို့ ၄ ဦးကို ကျိုင်းတုံမြို့မရဲစခန်း (ပ)၅၆/၂၀၁၈ လဝကအက် ၁၃(၁)/၁၃(၅) နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013