DVB Logo
Home
မြန်မာသတင်း
အိမ်အကူအမျိုးသမီးအား အက်ဆစ်ဖြင့်ပက်သည့် အိမ်ရှင် ၂ ဦးကို အမှုဖွင့်
DVB
·
March 3, 2018
အိမ်အကူအမျိုးသမီးအား အက်ဆစ်ဖြင့်ပက်သည့် အိမ်ရှင် ၂ ဦးကို အမှုဖွင့်
Donate to DVB

အိမ်အကူအမျိုးသမီးကို အက်ဆစ်နဲ့ ပက်ပြီး နှစ်အတော်ကြာ ပိတ်လှောင်ထားတဲ့  မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က  အိမ်ရှင် ၂ ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

ဖြစ်စဉ်မှာ အသက်  ၂၅ နှစ်အရွယ် အိမ်အကူအမျိုးသမီးဟာ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်နေ ဒေါ်မိုးမိုးပိုင်ဆိုင်တဲ့ ကုန်စုံဆိုင်မှာ  ၁ လ ၁ သောင်းကျပ် နဲ့ ၂၀၀၈ ခုနှစ်ကစပြီး  စတင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

၂၀၀၉  သင်္ကြန်အကြိုနေ့မှာ  ဒေါ်မိုးမိုးချွေးမဖြစ်သူ မနီနီနုနွယ်ဟာ သူငယ်ချင်းတွေနဲ့ လည်ပတ်ခဲ့ပါတယ်။ အဲဒီထဲက အမျိုးသားတဦးက အိမ်အကူ မိန်းကလေးကို ချစ်ကြိုက်တယ်လို့ ပြောဆိုရာမှတဆင့် မနီနီနုနွယ်က ရိုင်းပျစွာဆက်ဆံလာခဲ့ကြောင်း အမျိုးသမီးရေးရာအဖွဲ့ရဲ့ တိုင်တန်းချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၀ သင်္ကြန်နှစ်ဆန်း ၁ ရက်မှာ အိမ်အကူ မိန်းကလေး ရေချိုးနေတုန်း မနီနီနုနွယ်က အက်ဆစ်နဲ့ လောင်းခဲ့တာကြောင့် မျက်နှာဘယ်ဘက်ခြမ်း ပျက်စီးပြီး ဘယ်ဘက်မျက်လုံး ကွယ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ  အိမ်အကူအမျိုးသမီးကို တိုက်အတွင်း ၄ နှစ်လောက် ပိတ်လှောင်ခဲ့ပြီး အိမ်အလုပ်တွေ လုပ်ကိုင်ခိုင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီနောက်ဆုံးပတ်မှာတော့ အိမ်အကူအမျိုးသမီးဟာ ထွက်ပြေးလာပြီး အမျိုးသမီးရေးရာအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီးနောက် လူကုန်ကူးမှု တားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့ကို အကြောင်းကြား တိုင်တန်းခဲ့တာပါ။

အမှတ်​ ၁၁ လူကုန်​ကူးမှုတားဆီး​ရေးရဲတပ်​ဖွဲ့မှူး ရဲမှူးမျိုးဇင်က​ “ဖြစ်​စဉ်​က လွန်​ခဲ့တဲ့ ၁၀ ရက်​​လောက်​က​ပေါ့။ ည​နေပိုင်းမှာ မန္တ​လေးတိုင်း​ဒေသကြီး အမျိုးသမီး​ရေးရာအတွင်း​ရေးမှူး ​ဒေါ်သန္တာဖုန်းက​နေ ဖုန်းလှမ်းဆက်​တယ်​။ မြို့သစ်​က​ကောင်​မ​လေးတ​ယောက်​ ဒီလိုပဲ အက်​ဆစ်​နဲ့အပက်​ခံတယ်​လို့ အိမ်​ကထွက်​​ပြေးပြီး သူတို့ဆီ ​ရောက်​​နေတယ်​​။ အိမ်​ရှင်​က လိုက်​ရှာ​နေတယ်​ဆို​တော့ သူ့ရဲ့လုံခြုံမှုအတွက်​ ကျ​နော်​တို့ကိုလှမ်း​ခေါ်လို့ ကျ​နော်​တို့ သွားကြတယ်​။ ဟို​ရောက်​တဲ့အချိန်​မှာ ဒီက​လေးမ​လေးက စကားမ​ပြောနိုင်​ဘူး။ မ​ပြောနိုင်​တဲ့အတွက်​ အကြမ်းဖျင်း​လောက်​ပဲ ကျ​နော်​တို့သိရတယ်​။ သူ့မှာ​တော့ ဒီဒဏ်​ရာ​တွေက ဘယ်ဘက်​မျက်​လုံး ပျက်​​နေတာ​တွေ့ရတယ်​။ ဘယ်​ဘက်​တခြမ်းလုံးက​တော့ မီး​လောင်​ဒဏ်​ရာလို ဒဏ်​ရာမျိုး​တွေ​တွေ့ရတယ်။ တခြား​နေရာမှာ သွား​တွေ့ရတယ်။  ဒီက​လေးမ​လေးကို ခုချိန်​ထိ လုံခြုံတဲ့​နေရာမှာ ကျ​နော်​တို့ ထိန်းသိမ်းထားတယ်​” လို့​ ပြောပါတယ်။

အိမ်ရှင်အမျိုးသမီး ဒေါ်မိုးမိုးနဲ့ ချွေးမဖြစ်သူ နီနီနုနွယ်တို့ကို အောင်ပင်လယ်နယ် မြေရဲတပ်ဖွဲ့စခန်း မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ မတ် ၁ ရက်က  အမှုဖွင့် စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013