
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ အနောက်ဘက်မှာ တည်ဆောက်ထားတဲ့ လွှတ်တော်အဆောက်အဦအသစ်ကို မတ်လ ၃ ရက်နေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှတို့ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးအပါအဝင် ပြည်နယ်အစိုးရအဖွဲ့က ၀န်ကြီးတွေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲတွေ တက်ရောက်ခဲ့ကြတာပါ။
သတင်းနှင့်ဓာတ်ပုံ - ဝဏ္ဏခွာညို၊ ခိုင်ကောင်းစံ










