DVB Logo
Home
မြန်မာသတင်း
နယ်နိမိတ်မျဉ်းအနီး တရားမ၀င်နေရပ်စွန့်ခွာနေထိုင်သူများအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
DVB
·
March 3, 2018
နယ်နိမိတ်မျဉ်းအနီး တရားမ၀င်နေရပ်စွန့်ခွာနေထိုင်သူများအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ တပ်ရင်းမှူးတွေ မနေ့က တွေ့ဆုံခဲ့ပြီး နယ်နိမိတ်မျဉ်းအနီး တရားမ၀င် နေရပ်စွန့်ခွာ နေထိုင်သူတွေအရေး ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၂ ရက် ညနေ ၄ နာရီမှ ၄ နာရီ ၅၅ မိနစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် (၃၁/၁) ဂေါင်းဒုံ BGB စခန်းမှာ ကျင်းပခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး တရားမဝင် နေရပ်စွန့်ခွာ နေထိုင်သူတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ နှစ်နိုင်ငံ လှည့်ကင်းဆောင်ရွက်မယ့်ကိစ္စ၊ နှစ် နိုင်ငံ နယ်စပ်တလျှောက် ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေကို အချိန်နဲ့တပြေးညီ သတင်းညှိနှိုင်းဖလှယ်နိုင်ရေး စတဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်း နဲ့ အဖွဲ့ဝင် ၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် (၃၄) BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်းနဲ့ အဖွဲ့ဝင် ၆ ဦး တက်ရောက်ကြကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013