DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 3, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၄၉၂၀၀ ပေါက်ဈေးရှိနေပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ကျပ် ၄၅၀၀၀ ကနေ ၄၈၀၀၀ ပေါက် ဈေးရှိပါတယ်။ ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင် တစ်အိတ်ကို ၁၂၀၀ ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်အိတ်ကို ၃၇၈၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ကျပ် ၃၀၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိ ပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂၈၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲတီစိမ်း

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း(ခရမ်း၊ရွှေဝါ)က ၅၆.၂၅ ပိဿာ တစ်အိတ်ကို ၆၇၅၀၀ ကနေ ၉၈၄၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ ၅၆.၂၅ ပိဿာ တစ်အိတ်ကို ၉၀၀၀၀ ကနေ ၁၀၂၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာတော့ ၃၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်ဖြူ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ (ကြုကုတ်)က တစ်ပိဿာကို ကျပ် ၁၅၅၀ ကနေ ၂၅၇၅ ပေါက်ဈေးရှိနေပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ကျပ် ၁၃၀၀ ကနေ ၁၈၀၀ ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၂၀၀ ကျော် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၄၅ ပိဿာဝင် တစ်အိတ်ကို ၁၀၃၀၀၀ ကျပ်ကနေ ၁၀၅၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ကျပ် ၁၀၁၂၅၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၃၇၅၀ ဈေးကွာခြားနေပါတယ်။

ကက်သွန်နီ

ကက်သွန်နီအများဆုံးဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တစ်ပိဿာကို ၈၀၀ ကနေ ၁၂၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၉၀၀ ကနေ ၁၁၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013