ဇီးတောရွာ အမေရေယာဉ်နတ်ပွဲ စတင်ကျင်းပနေ
Aung Ko Latt
·
March 3, 2018
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဇီးတောရွာက အမေရေယာဉ်နတ်ပွဲ (ခေါ်) အမေကြီးပွဲကို တပေါင်းလပြည့်နေ့ကနေစတင်ကာ လပြည့်ကျော် ၈ ရက်နေ့ထိ စည်စည်ကားကား ကျင်းပနေပါတယ်။
အမေကြီးပွဲက နတ်ပွဲတခုသာမဟုတ်ဘဲ ဒေသခံတွေရဲ့ ကုန်စည်ဖလှယ်ရာ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။
ပွဲတော်ကာလအတွင်း ဒေသထွက်ကုန်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် သစ်သီဝလံ၊ တော်သူလယ်ယာသုံး သစ်ဝါး၊ ထွန်သံ၊ စကောစခါ ခမောက်တွေအပြင် သစ်တောထွက် ဆေးမြစ်စုံ၊ ဟင်းခတ်အမွှေးအကြိုင် စတာတွေနဲ့ မြို့က လာရောင်းတဲ့ ဓား၊ ပေါက်ပြား၊ တံစဉ် စတဲ့ တောင်သူသုံးပစ္စည်းတွေ၊ အဝတ်အထည်စတဲ့ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချကြတာဖြစ်ပါတယ်။
နှစ်စဉ်ကျင်းပနေကျ ပွဲတော်တခုဖြစ်ပေမယ့် ခါတိုင်းနှစ်နဲ့မတူဘဲ ဒီနှစ်က ၃ နှစ်တစ်ကြိမ်စည်ကားတဲ့ နှစ်ကျတာကြောင့် ပိုမိုစည်ကားလိမ့်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။
အစည်ကားဆုံးရက်တွေက လပြည့်ကျော် ၄၊ ၅၊ ၆၊ ၇ ရက်တွေက အစည်ကားဆုံးဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ကန္နားစီးတွေ၊ ယုံကြည်ကိုးကွယ်သူတွေ လာရောက် ပူဇော်ပသကြတာ ဖြစ်ပါတယ်။
တနှစ်ထက်တနှစ် လာရောက်သူ များပြားလာသလို ပွဲလေလံ ဈေးဆိုင်ခန်းခတွေလည်း မြင့်တက်လာလို့ အမြတ်ကျန်တာနည်းလာတယ်လို့ ပြောဆိုတဲ့ ဈေးသည်တွေလည်းရှိပါတယ်။
အမေရေးယာဉ်နတ်ပွဲသွားရာ လမ်းတလျှောက်မှာ အလှုခံမဏ္ဍပ်တွေ၊ ပိုက်ဆံလိုက်တောင်းတဲ့ ကလေးငယ်တွေနဲ့ လမ်းတလျောက်မှာလည်း စည်ကားနေပါတယ်။