DVB Logo
Home
မြန်မာသတင်း
ဇင်းကျိုက်တွင် ပြည့်တန်ဆာခေါင်းနှင့်အတူ လိင်အလုပ်သမ ၁၁ ဦး ဖမ်းဆီးမိ
DVB
·
March 3, 2018
ဇင်းကျိုက်တွင် ပြည့်တန်ဆာခေါင်းနှင့်အတူ လိင်အလုပ်သမ ၁၁ ဦး ဖမ်းဆီးမိ
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ်၊ ဓမ္မာရာဇိန်လမ်းရှိ နေအိမ် ၂ လုံးမှာ ပြည့်တန်ဆာခေါင်းတဦးနဲ့ လိင်အလုပ်သမတွေကို တာဝန်ရှိသူတွေက ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဇင်းကျိုက်နယ်မြေရဲကင်းစခန်းမှ ရဲအုပ်ရဲလင်းနောင်က “ခရိုင်မှုခင်းအကူဌာနက တပ်ဖွဲ့ဝင်တွေနဲ့ ကျနော်တို့ ဇင်းကျိုက်ရဲစခန်းက တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ နေအိမ်ကိုသတင်းအရ တပ်ဖွဲ့ဝင်အချို့နဲ့အသွင်ယူပြီး ၀င်ရောက်ဖမ်းဆီးခဲ့တာပါ။ အားလုံးအမျိုးသမီး ၁၁ ယောက်နဲ့ ခေါင်း ၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်။ ဒေသခံပြည်သူတွေအနေနဲ့လည်း ဒီလိုမျိုးလုပ်ငန်းတွေကို တွေ့ရှိခဲ့ရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ဒီလိုလုပ်ငန်းတွေက ပပျောက်သွားမှာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။

သတင်းအရ မတ်လ ၂ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်လောက်က ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ်၊ ဓမ္မာရာဇိန်လမ်းရှိ ကျော်နိုင်ထွန်းဆိုသူရဲ့ နေအိမ်ခြံဝင်း အနောက်ဘက်ခြံစည်းရိုးကပ်လျှက် ဆောက်လုပ်ထားတဲ့ အခန်း ၁၁ ခန်းပါ အဆောက်အဦကို တာဝန်ရှိသူတွေ ၀င်ရောက်ရှာဖွေရာ လိင်လုပ်သမ အမျိုးသမီး ၆ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။ အဆိုပါ နေအိမ်ကို နန်းမူ (ခ) နုနုဝင်းက တလကိုငွေ ၅၀၀၀၀ ကျပ်နဲ့ ငှားရမ်းလုပ်ကိုင်နေတာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အဆိုပါ နေအိမ်အနီး ဝေယံ(ခ)ဝေယံထွန်းရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ ဇော်ဇော်အောင်ဆိုသူကို လိင်လုပ်ငန်းလုပ်ကိုင်ရာမှာ အသုံးပြုတဲ့ အမည်စာရင်းတွေနဲ့အတူ လိင်လုပ်သမ အမျိုးသမီး ၅ ဦးကိုပါ ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး လိင်လုပ်ငန်းလုပ်ကိုင်နေသူ ဇော်ဇော်အောင်နဲ့အတူ မအေးအေး ၂၉ နှစ်၊ မသင်းသင်းမော် ၄၁ နှစ်၊ နန်းမူ(ခ)နုနုဝင်း ၂၈ နှစ်၊ ယမုံ(ခ)သဲသဲ ၂၁ နှစ်၊ ဟေမာန် (ခ) ယဉ်ယဉ်ထွန်း ၃၇ နှစ်၊ နေခြည် (ခ) သင်းသင်းဦး ၃၈ နှစ်၊ ဖြူလေး(ခ)အိမ့်ပိုးဖြူ  ၂၀ နှစ်၊ ခရေ(ခ) ထက်ထက်အောင် ၁၈ နှစ်၊ ၀တ်ရည်(ခ)အိအိဖြိုး ၂၄ နှစ်၊ စံပယ်(ခ)တင်မာလွင် ၁၈ နှစ်၊ သီရိ(ခ)၀င်းသီရိလှိုင် ၃၁ နှစ် တို့ကို ပေါင်မြို့မရဲစခန်းက ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၅(၁)/၃(က)နဲ့ အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013