DVB Logo
Home
မြန်မာသတင်း
စင်ကာပူတွင် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် အိမ်အကူအမျိုးသမီး ဈာပန ကျင်းပ
DVB
·
March 3, 2018
စင်ကာပူတွင် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် အိမ်အကူအမျိုးသမီး ဈာပန ကျင်းပ
Donate to DVB

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေဲ့ မနက် ၆ နာရီ အချိန်လောက် စင်ကာပူနိုင်ငံမှာ ၁၂ ထပ် အမြင့်တိုက်ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ အိမ်အကူ လိုင်နိတ်ကိမ်း (ခေါ်) ကိန်းကိန်း ရဲ့ ဈာပနအခမ်းအနားကို စင်ကာပူနိုင်ငံရောက် မြန်မာအသိုင်းအ၀ိုင်းက မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီက ပြုလုပ်ပေးခဲ့ပါတယ်။

ဒါ့အပြင် တမူးမြို့နေအိမ်မှာလည်း ကျန်ရစ်သူမိသားစုက ဆုတောင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျန်ရစ်သူမိသားစုကတော့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံပြီး ခုန်ချခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ မသေခင်တရက်က သူ့အမျိုးသားကို ၄ ရက်နေ့ ငွေလွှဲပေးမယ်၊ သမီးကြီး အသက် ၁၃ နှစ်ပြည့် မွေးနေလုပ်ပေးဖို့ ငွေပို့ပေးမယ်ဆိုပြီး ပြောဆိုခဲ့သေးတယ်လို့ ကိန်းကိန်းရဲ့ ခင်ပွန်း ကိုနေဇာလင်းက ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၁၁ ရက်နေ့ ပြန်လာမှာဖြစ်လို့ ရန်ကုန်မှာ သွားကြိုဖို့တောင်  စီစဉ်နေကြတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013