DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးခံရသူ နှစ်ဦးအတွက် လျော်ကြေး ဘတ် ၉ သိန်းကို ထိုင်းက ပေးအပ်
DVB
·
March 3, 2018
လူကုန်ကူးခံရသူ နှစ်ဦးအတွက် လျော်ကြေး ဘတ် ၉ သိန်းကို ထိုင်းက ပေးအပ်
Donate to DVB

ထိုင်းနိုင်ငံကို လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရသူ နှစ်ယောက်အား ထိုင်း လူမှုဖွံ့ဖြိုးရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ဘတ် ၉ သိန်း လျော်ကြေးပေးအပ်ခဲ့ပါတယ်။

လူကုန်ကူးခံရသူ အမျိုးသားအတွက် ဘတ် ၆ သိန်း၊ အမျိုးသမီးအတွက် ဘတ် ၃ သိန်း ပေးလျော်ခဲ့တာပါ။ သူတို့ကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ်၊ သြဂုတ် ၄ ရက်ကပဲ လွှဲပြောင်း ပို့ဆောင်ထားခဲ့တာပါ။

လျော်ကြေးငွေကိုတော့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက မြဝတီမြို့ ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာမှာ ထိုင်းလူမှုဖွံ့ဖြိုးရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် Ms. Saranapat Anumatrajkit က ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းကို ပေးအပ်ပြီး ညွန်ကြားရေးမှူးချုပ်က လူကုန်ကူးခံရသူ နှစ်ယောက်ကို ပြန်လွှဲပေးခဲ့တယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးတော့ ထိုင်းနိုင်ငံကို လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၄ ယောက်နဲ့ အမျိုးသမီး နှစ်ယောက်တို့ကိုလည်း ထိုင်းကနေ မြန်မာကို ပြန်လွှဲပေးခဲ့ပါတယ်။

သူတို့ကို မြဝတီကနေ မော်လမြိုင် လူငယ်သင်တန်းကျောင်းနဲ့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့မှာ ယာယီလက်ခံစောင့်ရှောက်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူတွေနဲ့ ပျောက်ဆုံးသွားသူတွေကို ယာယီခရီးသွားထောက်ခံစာတွေ ထုတ်ပေးတာ၊ လူကုန်ကူးသူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က လိုအပ်တဲ့ စုံစမ်းတာတွေ လုပ်ပြီးရင် မိဘနေရပ်ကို ပို့ဆောင်အပ်နှံသွားမယ်လို့လည်း ပြန်ကြားရေး သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013