DVB Logo
Home
မြန်မာသတင်း
တရားခံပြေး ကြံ့ခိုင်ရေးအမတ်ဟောင်း ဖမ်းဆီးခံရမှု ပါတီပြောခွင့်ရသူ တုံ့ပြန်
DVB
·
March 2, 2018
တရားခံပြေး ကြံ့ခိုင်ရေးအမတ်ဟောင်း ဖမ်းဆီးခံရမှု ပါတီပြောခွင့်ရသူ တုံ့ပြန်
Donate to DVB

လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှုတွေနဲ့ အလိုရှိနေတဲ့ တရားခံပြေး ကြံ့ခိုင်ရေးပါတီရဲ့ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်း အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖေဖော်ဝါရီ ၂၈ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ်  ဒေါက်တာနန္ဒာလှမြင့်က ပါတီအနေနဲ့ အကြမ်းဖက်မှုကို လုံးဝအားမပေး ရှုတ်ချတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

ပြောကြားချက် အပြည့်အစုံ--

“ယခင်လူကြီးတွေက ရွေးချယ်ခဲ့တဲ့အတွက် ဘယ်လိုရွေးချယ်ခဲ့တယ်ဆိုတဲ့အပေါ်မှာ ပြောဖို့ ကျနော်တို့လည်း မရှိတော့ မသိဘူး။ ယခင်သက်တမ်းမှာ သူတို့ ရွေးချယ်ခဲ့တာကို နိုင်ငံသားတယောက်အနေနဲ့ ဥပဒေချိုးဖောက်တယ် ဆိုရင်တော့ သတ်မှတ်ထားတဲ့ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေအရ အရေးယူခံရမှာပဲ။ ဒီအပေါ်မှာ ကျနော်တို့ ဘာမှပြောစရာ အကြောင်းမရှိဘူး။ ကျနော်တို့ပါတီအနေနဲ့လည်း အကြမ်းဖက်မှုကို လုံးဝအားမပေးဘူး။ ဒါကို လုံးဝရှုတ်ချတယ်။ တောက်လျှောက်လည်း အကြမ်းဖက် လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ပါတီဖြစ်တယ်။ ယခင်တုန်းက ဆောင်ရွက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေနဲ့ အရင်တုန်းက တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေလည်း အခုအချိန်ထိ သက်ရှိထင်ရှား ရှိနေတော့ သူတို့ကို မေးမြန်းရင်တော့ ဘာကြောင့် ရွေးချယ်ခဲ့တယ်၊ ဘယ်လို ဆောင်ရွက်တယ် ဆိုတာမျိုး သိရမယ် ထင်တယ်။”

Photo : Nandar Hla Myint

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013