DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့နယ်တွင် မိလ္လာ​ရေ စွန့်​ထုတ်​မှု​ကြောင့် ဒေသခံများ ကျန်းမာ​ရေးထိခိုက်​မှာ စိုးရိမ်
DVB
·
March 2, 2018
မြင်းခြံမြို့နယ်တွင် မိလ္လာ​ရေ စွန့်​ထုတ်​မှု​ကြောင့် ဒေသခံများ ကျန်းမာ​ရေးထိခိုက်​မှာ စိုးရိမ်
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​ ရွာစည်​​ကျေးရွာရှိ မြရိပ်​ညို ​ဘော်​ဒါ​ဆောင်​ကနေ ​ကျေးရွာလမ်း​တွေ​ပေါ်မှာ စွန့်​ထုတ်​တဲ့ မိလ္လာ​ရေအနံ့​တွေ​ကြောင့် အနံ့အသက်​ မခံနိုင်​ဘဲ ကျန်းမာ​ရေး ထိခိုက်​လာမှကို  ​ကျေးရွာလူထု​တွေက စိုးရိမ်​​နေပါတယ်​။

ရွာစည်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးစန်းလွင်​က “ခုလို မိလ္လာ​ရေ စွန့်​ထုတ်​တာ မကြာခဏ ပြုလုပ်​​နေတာပါ။ ကျ​နော်​တို့ ​ခေါ်ယူညှိနှိုင်း​ပေး​တော့လည်း လက်​မခံဘူး။ အနံ့အသက်​​တွေက အ​တော်​ဆိုး​နေတာပါ။ ခုက ပတ်​ဝန်းကျင်​ လူ​တွေလည်း ဒီအနံ့ဆိုး​ကြောင့် ကျန်းမာ​ရေး ထိခိုက်​လာမှာ ​သေချာတယ်​။ ​ခေါ်ယူသတိ​ပေးတာ​တွေ လုပ်​ခဲ့​ပေမဲ့ မထိ​ရောက်​ဘူး။ ကျ​နော်​တို့ သက်​ဆိုင်​ရာ​တွေကို တင်​ပြထားပါတယ်​”လို့​ ပြောပါတယ်​။

မြင်းခြံမြို့နယ်​ ရွာစည်​​ကျေးရွာမှာ မြင်းခြံ ဒီဂရီ​ကောလိပ်​ ဖွင့်လှစ်​ထားတာ​ကြောင့် ​ဒေသခံ​တွေဟာ ​ကျောင်းသား ကျောင်းသူတွေ နေထိုင်​နိုင်​ဖို့ ​ဘော်​ဒါ​ဆောင်​တွေ ဖွင့်လှစ်​ထားကြတာလည်း ဖြစ်​ပါတယ်​။

မြရိပ်​ညို ​ဘော်​ဒါ​ဆောင်​ပိုင်​ရှင်​ ဦးတိုးမြိုင်​က “မိလ္လာ​ရေကို သက်​သက်​စွန့်​ထုတ်​တာ မဟုတ်​ပါဘူး။ မ​တော်​တဆ ဖြစ်​သွားခဲ့တာပါ။ ပိုက်​လိုင်းချိန်းတာ အဆင်​မ​ပြေလို့ ခုလို ဖြစ်​သွားတာပါ”လို့ ဆိုပါတယ်​။

ခုလို မိလ္လာ​ရေ​တွေကို ​ကျေးရွာလမ်းမ​တွေ​ပေါ်မှာ စွန့်​ထုတ်​​နေလို့ လူသွားလမ်း​တွေ ပျက်​စီး​နေပြီး၊ အနံ့အသက်​ မ​ကောင်းတာ​တွေ​၊ ခြင်​ ယင်​တွေ ​ပေါများ​နေတာ​တွေ​ကြောင့် ဒေသခံ ပြည်​သူ​တွေဟာ ကျန်းမာ​ရေးအတွက်​ စိုးရိမ်​ပူပန်​မှု​တွေ ရှိ​နေကြတယ်​လို့ ​ပြောဆို​နေကြတာပါ။

ရွာစည်​​ကျေးရွာ ​ဒေါ်ဝင်းကြည်​က “ခုလိုမိလ္လာ​ရေ​တွေ စွန့်​ထုတ်​​နေတာ ၂ နှစ်​​လောက်​ရှိပါပြီ။ သက်​ဆိုင်​ရာကို တိုင်​ကြား​တော့ လာစစ်​ကြတာပဲရှိတာ။ ဘာမှ မထူးခြားပါဘူး။ ခုက ​နေ့​ရော ညပါ စွန့်​ထုတ်​​နေ​တော့ ဘယ်​လိုမှ အနံ့အသက်​ မခံနိုင်​ပါဘူး။ လမ်းသွားလမ်းလာ​တွေဆို ​အော့အန်​​နေကြတယ်​၊  ခု လမ်း​တွေကလည်း ပျက်​စီး​နေပြီ။ ဒီလို​တွေ မလုပ်​​အောင်​ သက်​ဆိုင်​ရာ တာဝန်​ရှိသူ​တွေက ထိထိ​ရောက်​​ရောက်​ အ​ရေးယူ​ပေးဖို့ လိုပါတယ်​”လို့ ပြောပါတယ်​။

မြင်းခြံမြို့နယ်​ ရွာစည်​​ကျေးရွာမှာ ​ဘော်​ဒါ​ဆောင်​​ပေါင်း ၁၀၀ လောက်ရှိပြီး မကြာခဏ ဆိုသလို ​ရေဆိုး​ရေညစ်​ စွန့်​ထုတ်​တာ​တွေ မိလ္လာ​ရေ စွန့်​ထုတ်​တာ​တွေ​ကြောင့် ​ဒေသခံ ပြည်​သူ​တွေ သက်​ဆိုင်​ရာကို တိုင်​ကြားမှု​ခဲ့ပေမယ့် ထိ​ရောက်​​အောင်​ အ​ရေးယူ​ ဆောင်​ရွက်​တာမျိုး မရှိခဲ့ပါဘူး​။

သတင်း - ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013