DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားတွင် တည်းခိုဆောင်ခ ဈေးနှုန်းများ အဆမတန်မြင့်တက်နေ
DVB
·
March 2, 2018
မန်းရွှေစက်တော်ဘုရားတွင် တည်းခိုဆောင်ခ ဈေးနှုန်းများ အဆမတန်မြင့်တက်နေ
Donate to DVB

မကွေးတိုင်းဒေသကြီး မင်းဘူး-စကုနယ်မှာ ကျင်းပနေတဲ့ မန်းရွှေစက်တော်ဘုရားပွဲမှာ ဘုရားဖူးလာသူတွေ များလာတာနဲ့အမျှ တည်းခိုဆောင်ခ ဈေးနှုန်းတွေဟာ  သတ်မှတ်နှုန်းထားထက် အဆမတန် မြင့်တက်လာနေတယ်လို့ ဘုရားဖူးတွေက ပြောပါတယ်။

ရန်ကုန် အင်းစိန်မှ ဘုရားဖူးလာရောက်တဲ့ ဦးတင်မောင်ဝင်းက "ကျနော်တို့အဖွဲ့ကလူ ၄၀ လောက်နဲ့ အညာဒေသ ဘုရားအစုံဖူးဖို့ လာရောက်ခဲ့တာ။ မန်းရွှေစက်တော်ဘုရား တည်းခိုဆောင် ရေစပ်ခန်းတခန်းကို ၈၀၀၀၀ ကျပ်၊ ကုန်းတွင်းခန်း တခန်းကို ၄၀၀၀၀ ကျပ်နဲ့ ငှားတည်းခိုခဲ့ရတယ်။ ဈေးနှုန်းကတော့ များတာပေါ့ဗျာ။ ဘုရားဖူးလာတာ ဆိုတော့လည်း တည်းရတော့တာပေါ့လို့” ပြောပါတယ်။

မန်းရွှေစက်တော် ဈေးသည်တဦးဖြစ်တဲ့ ဦးအေးကိုက "အခုရုံးပိတ်တဲ့ ၄ ရက်မှာ ပွဲဦးထွက်စပြီပေါ့ဗျာ။ ဂေါပက သတ်မှတ်ထားတာ ငွေသောင်ယံရှိ ရေစပ်ခန်း ၃၀၀၀၀ ကျပ်၊ ကုန်းတွင်းခန်း ၂၀၀၀၀ ကျပ်ဆိုပေမယ့် ရုံးပိတ်ရက် လူစည်ကားတဲ့ရက်တွေမှာ ၈၀၀၀၀ ကျပ်၊ ၁၀၀၀၀၀ ကျပ်ထိ ငှားရမ်းနေတယ်လို့ သိရတယ်။ ဒါတွေ ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ" လို့ ဆိုပါတယ်။

မန်းရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုင်ကတော့ လာရောက်တိုင်တန်းရင် အရေးယူ ဆောင်ရွက်ပေးမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

"သတ်မှတ်ဈေးနှုန်းက ရေစပ်ခန်း ၃၀၀၀၀ ကျပ်၊ ကုန်းတွင်း ၂၀၀၀၀ ကျပ် ဖြစ်တယ်။ ကျနော်တို့ဆီ လာတိုင်လို့ရင် အရေးယူပေးမယ်။ တည်းခိုဆောင်တွေကနေ  စရန်ငွေ သိန်း ၂၀ ကျပ်ဆီ ယူထားတယ်။ ပြစ်ချက်တခုကို ၃ သိန်းကျပ်ကနေ ၅ သိန်းကျပ်ထိ ဖြတ်သွားမှာပါ။ မနေ့က မတ်လ ၁ ရက်နေ့က လာတိုင်တယ်။ ညှိနှိုင်းဖြေရှင်းပေးလိုက်တော့ သူတို့ချင်း ကျေနပ်တော့ အရေးမယူတော့ဘူး။ တရားရုံးတွေတောင်မှ သူတို့ချင်း ပြေလည်ရင် လျှော့ပါ့ရတာပဲ။ လာတိုင်လို့ ပြေလည်မှုမရှိရင်တော့ အရေးယူ ဆောင်ရွက်သွားမှာပါ။”

မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ၃ လနီးပါး ကျင်းပတဲ့ အညာဒေသရဲ့ ရက်အရှည်ကြာဆုံး ပွဲတော်တခု ဖြစ်ပါတယ်။

သတင်း-  မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013