DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ရန်ကုန်တွင် တွေ့ဆုံဆွေးနွေးမည်
DVB
·
March 2, 2018
ကေအန်ပီပီနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ရန်ကုန်တွင် တွေ့ဆုံဆွေးနွေးမည်
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ လာမယ့် မတ်လ ၇ ရက်နေ့ ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးမယ်လို့ ကေအန်ပီပီ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။

ကေအန်ပီပီအနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လမ်းကြောင်းအတိုင်း သွားမှာဖြစ်ပြီး အန်စီအေ မထိုးနိုင်ခင် ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ထိန်းသိန်းနိုင်ဖို့အရေး အဓိက ဆွေးနွေးသွားမယ်လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။  

“ကျနော်တို့ အန်စီအေ လမ်းကြောင်းအတိုင်းပဲ သွားမယ်။ အန်စီအေ မထိုးနိုင်သေးခင်မှာ ကျနော်တို့ ကရင်နီပြည်နယ် ငြိမ်းချမ်းရေးကို ဘယ်လို ထိန်းသိမ်းသွားမယ်။ အဲဒီကိစ္စအဓိကပါပဲ။”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ယူအန်အက်ဖ်စီအဖွဲ့ဝင်ဖြစ်ပြီး ဒီတွေ့ဆုံပွဲဟာ အဖွဲ့ဝင်အနေနဲ့ တွေ့ဆုံတာ မဟုတ်ဘဲ သူတို့တဖွဲ့တည်း သီးသန့်တွေ့ဆုံမှာလို့လည်း ပြောပါတယ်။  

အစိုးရအနေနဲ့ ယူအန်အက်ဖ်စီ တပ်ပေါင်းစုလက်ကျန်  ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (ကေအန်ပီပီ) အန်စီအေမှာ ပါဝင်လာဖို့ တဖွဲ့ချင်း ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပြီး ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ကတော့ အပစ်ရပ်စာချုပ်မှာ ပါဝင်နိုင်ဖို့ မလွယ်တော့ဘူးလို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ချုပ် ဦးဇော်ဌေးက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013