DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ မောင်တော အမတ်ဟောင်းကို မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီး
DVB
·
March 2, 2018
ကြံ့ခိုင်ရေးပါတီ မောင်တော အမတ်ဟောင်းကို မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီး
Donate to DVB

လက်နက်မှု၊ မတရားအသင်းမှုတွေနဲ့ အလိုရှိနေတဲ့ တရားခံပြေး ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်း အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမက်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိုင်းလေကြောင်းခရီးစဉ် TG-304 နဲ့ ရန်ကုန်မှ ဘန်ကောက်ကို လိုက်ပါမယ့်  မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြ ဖ.ဆ.ပ.လ ရပ်ကွက်နေ အောင်ဇော်ဝင်း (ခ)ဇော်ကိရ်အာမက် (၅၅-နှစ်)ကို သတင်းရဲတပ်ဖွဲ့မှ ရဲမှူးနေအောင်လင်းဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မတ် ၁ ရက်မှာ သတင်းထုတ်ပါတယ်။

အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမက်ဟာ ငါးခူရနယ်မြေရဲစခန်း (ပ)၂၈/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၃၃/ ၃၀၇/၃၂၄/၃၄၊ (ပ)၂၉/၂၀၁၆၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)၊ (ပ) ၃၀/ ၂၀၁၆ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(က)၊ (ပ)၃၈/၂၀၁၆ မတရားအသင်းအက်ပုဒ်မ ၁၇(၁) အမှုတို့မှ တရားခံပြေးအဖြစ် ရဲက အလိုရှိနေသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမက်ဟာ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သလို ၂၀၁၀ ရွေးကောက်ပွဲမှာ  ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့  မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - ရဲဇာနည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013