DVB Logo
Home
မြန်မာသတင်း
နှစ် ၇ဝ အတွင်း ပြည်ပသို့ ဆန်စံချိန်သစ် တင်ပို့နိုင်သဖြင့် တောင်သူလယ်သမားများကို သမ္မတ ဂုဏ်ပြု
DVB
·
March 2, 2018
နှစ် ၇ဝ အတွင်း ပြည်ပသို့ ဆန်စံချိန်သစ် တင်ပို့နိုင်သဖြင့် တောင်သူလယ်သမားများကို သမ္မတ ဂုဏ်ပြု
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ နှစ်ပေါင်း ၇ဝ အတွင်း ပြည်ပသို့ ဆန်စံချိန်သစ် တင်ပို့နိုင်ခဲ့လို့  တောင်သူလယ်သမားတွေ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံက မတ်လ ၂ ရက်မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောပါတယ်။

၂ဝ၁၇-၂ဝ၁၈ ခုနှစ် ဆန်စပါးထုတ်လုပ်မှုမှာ နိုင်ငံရဲ့စားနပ်ရိက္ခာဖူလုံရုံသာမက ပြည်ပကို ဆန်တန်ချိန် ၃ သန်းထိ တင်ပို့ရောင်းချနိုင်ခဲ့လို့ နှစ်ပေါင်း ၇ဝ အတွင်း စံချိန်သစ်တရပ် တင်နိုင်ခဲ့ပြီ ဖြစ်တယ်။ တောင်သူလယ်သမားတွေရဲ့ ကြိုးစားအားထုတ်မှု၊ တာဝန်ရှိ ဌာနဆိုင်ရာတွေနဲ့  ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မှုတို့အရ ပြည်ပသို့ ဆန်တန်ချိန် ၃ သန်းထိ တင်ပို့နိုင်ခဲ့လို့  တောင်သူလယ်သမားတွေ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ပြောပါတယ်။

တမျိုးသားလုံးရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ရဲ့ ၃ဝ ရာခိုင်နှုန်းလောက်ကို လယ်ယာကဏ္ဍကနေ ရရှိပေမယ့် တောင်သူလယ်သမား အများစုဟာ လူမှုစီးပွားဘဝ နိမ့်ကျနေဆဲ ဖြစ်တယ်။ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝဘေး စတာတွေရဲ့ အကျိုးဆက်အဖြစ် တောင်သူလယ်သမား အများစုဟာ ဝင်ငွေနိမ့်ကျပြီး လယ်ယာမြေတွေကို လက်လွှတ်ခဲ့ရရာမှ လယ်မဲ့ ယာမဲ့ ဘဝကို ရောက်ရှိကာ လူမှုစီးပွား ဘဝအခြေအနေများ ထိခိုက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အစိုးရအနေနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ ဈေးကောင်းရရှိရေးနဲ့ တောင်သူလယ်သမားတွေ ဝင်ငွေတိုးတက်ရရှိနိုင်ဖို့ နိုင်ငံတကာဈေးကွက်ကို ယှဉ်ပြိုင်တင်ပို့ ရောင်းချနိုင်စေဖို့ ခေတ်မီအဆင့်မြင့် ဆန်စက်နဲ့ ဆီစက်တွေ၊ သစ်သီးဝလံ အဆင့်မြင့်သန့်စင်စက်နဲ့ ခေတ်မီထုပ်ပိုးစက်တွေနဲ့  ထုတ်လုပ် တင်ပို့ ရောင်းချနိုင်ဖို့ အားပေးဆောင်ရွက်နေသလို လယ်ယာထွက်ကုန်သီးနှံတွေကို ဈေးပြိုင်စနစ်နဲ့ ရောင်းချတဲ့ နိုင်ငံတကာအဆင့်မီ လက်ကားဈေးကွက် ''Wholesale Market'' တွေ ပေါ်ပေါက်လာရေးအတွက်လည်း ဆောင်ရွက်နေပြီလို့လည်း သမ္မတက ပြောပါတယ်။

မြန်မာပြည်အနေနဲ့ လာမယ့်နှစ် အနည်းငယ်အတွင်း တိုးပွားလာမယ့် လူဦးရေအတွက် နိုင်ငံရဲ့ စားနပ်ရိက္ခာလုံခြုံ စိတ်ချမှုရှိရုံသာမက နိုင်ငံတကာဈေးကွက်ကို ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်နဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင် အားပေးဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာ ဖြစ်ပြီး အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်း ဖြစ်ပါတယ်။

ဒီကနေ့ မတ်လ ၂ ရက်မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို နိုင်ငံတဝန်း မြို့တွေ နယ်တွေ အသီးသီးမှာ ကျင်းပနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013