DVB Logo
Home
Lead Story
ဝင်ငွေစံချိန်တင်ခဲ့ပြီး မလွတ်တမ်းကြည့်သင့်သည့် Black Panther - ကျားသစ်နက်
DVB
·
March 1, 2018
ဝင်ငွေစံချိန်တင်ခဲ့ပြီး မလွတ်တမ်းကြည့်သင့်သည့် Black Panther - ကျားသစ်နက်
1 / 5
Donate to DVB

နိုင်ငံတကာနဲ့ မြန်မာပြည်မှာလည်း လတ်တလောရုံတင်နေပြီး စတင်ပြသခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး ၂ ပတ်အတွင်း ပြည်တွင်းပြည်ပ၀င်ငွေ ဒေါ်လာသန်းပေါင်း ၇၀၀ ကျော်ထိ ၀င်ငွေစံချိန်တင်ထားတဲ့ ရုပ်ရှင်ကားတကားနဲ့ မိတ်ဆက်ပေးပါရစေ။
Black Panther မြန်မာလို ကျားသစ်နက်လို့ အမည်ရပါတယ်။

အာဖရိကန်နွယ်ဖွားတွေက အဓိကသရုပ်ဆောင်ပြီး လူမည်းဒါရိုက်တာ လူမည်းဇာတ်ညွှန်းဆရာတွေက Marvel စတူဒီယိုနဲ့ ပူးပေါင်းထုတ်လုပ်ထားပြီး ဒေါ်လာသန်း ၂၀၀ ကျော် အကုန်အကျခံ ထုတ်လုပ်ထားပါတယ်။ ဆူပါဟီးရိုး ရုပ်ပြဇာတ်ကောင်ကြိုက်တဲ့ ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတခုပါပဲ။

ကမ္ဘာ့ဝင်ငွေ စံချိန်တင်ခဲ့တဲ့ Star Wars, Jurassic World ဆိုတဲ့ ကားတွေနည်းတူ ရုပ်ရှင်သမိုင်းမှာ မှတ်တမ်းဝင်ခဲ့ပြီးတော့ မတ်လဆန်းအတွင်း တရုတ်နဲ့ ဂျပန်နိုင်ငံတွေမှာ ရုံတင်ပြသတဲ့အခါ ၀င်ငွေထပ်တိုးလာဦးမယ်လို့ မျှော်လင့်ရတဲ့ ဇာတ်ကားဖြစ်ပါတယ်။

အာဖရိကတိုက်အတွင်း စိတ်ကူးယဉ် တည်ဆောက်ထားတဲ့ နိုင်ငံလေးတခု။ Wakanda။ ၀ါကန်ဒါနိုင်ငံလေးဟာ ထူးခြားတဲ့ အာကာသ သတ္တုတမျိုးဖြစ်တဲ့ Vibranium ကြောင့် စက်မှုထွန်းကားတိုးတက်ပြီး ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ အဆက်ဖြတ် သီးသန့်နေတဲ့နိုင်ငံကလေး။ အာနိသင်ထူးခြားတဲ့ အသည်းပုံအရွက်ကလေးတွေကို စားသုံးပြီး သဘာဝလွန် အစွမ်းသတ္တိတွေရှိလာတဲ့ Black Panther ကျားသစ်နက် တဖြစ်လဲ T'Challa,
သူရဲ့ဖခင်ကို အရိုက်အရာထီးနန်းကို ဆက်ခံဖို့ သူ့နိုင်ငံအပြန်မှာ သူနဲ့ အားပြိုင်သရုပ်ဆောင်ထားတဲ့ T'Challa ရဲ့ ညီအကိုဝမ်းကွဲလည်း ဖြစ်နေတဲ့ super-villain သူရဲကောင်းလူကြမ်း Erik Killmonger။

ကိုလိုနီ ကျွန်ပြုခံရတဲ့ အာဖရိကတိုက်သားတွေ အားလုံးကို ကျွန်ဘ၀က လွတ်မြောက်စေချင်သူ။ ဇာတ်ကြမ်းကားတလျောက် Black Panther ကျားသစ်နက် ၀တ်စုံရှင် ၂ ယောက်ရဲ့ အသေအကျေ တိုက်ခိုက်ခန်းတွေနဲ့ အစအဆုံးဆွဲဆောင်သွားနိုင်တဲ့ ဇာတ်လမ်းတခု။ T'Challa နဲ့ ထီးနန်းအတွက် တိုက်ပွဲ၊ သူ့နိုင်ငံကို ကမ္ဘာကြီးနဲ့ ပြန်လည် ဆက်သွယ်ချင်တဲ့ သူ့စိတ်ကူးတွေ ဘယ်လိုဖြစ်လာမလဲဆိုတာတွေကို ငွေရောင်ပိတ်ကားထက် စောင့်ကြည့်သင့်မယ့် ဇာတ်လမ်းပါ။

လောလောဆယ်ထွက်ထားသမျှ သုံးသပ်ချက်တွေထဲမှာတော့ အများစုက Marvel စတူဒီယိုရဲ့ ရုပ်သံ အထူးပြုလုပ်ချက်တွေကို ချီးကျူးထားကြပြီး ဒါရိုက်တာ ဇာတ်ညွှန်းဆရာ သရုပ်ဆောင်တွေကိုလည်း အများစုက ချီးကျူးထားကြပါတယ်။

PG 13- Parental Guidance အသက် ၁၃ နှစ်အောက်တွေအတွက် ကြမ်းတမ်းလွန်းတဲ့ ဇာတ်ကြမ်းကားလို့ သတ်မှတ်ထားပြီး ခုချိန်ထိ ကြည့်ရှုပြီးသူ ၈၀ ရာခိုင်နှုန်း ကြိုက်ကြနှစ်သက်ကြတယ်လို့ မဲပေးထားတဲ့ ဇာတ်ကားတခုဖြစ်ကြောင်းပါ။
    စိတ်ဝင်စားစရာ ဒိုင်ယာလော့ခ်တခု
Erik Killmonger -    “ငါ့ကိုတုပ်နှောင်ထားမယ်လား-- နိုး-- ကျွန်ပြုခံရတာထက် သေရတာ မြတ်တယ်လို့ သိတဲ့သူတွေ သင်္ဘောပေါ်ကနေ ပင်လယ်ကြမ်းပြင်ပေါ် ခုန်ချသေဆုံးခဲ့တဲ့ ငါတို့ ဘိုးဘွားတွေရှိရာမှာပဲ ငါ့ကို မြှုပ်နှံပစ်လိုက်စမ်းပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013