DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ-တောင်ကြီးလမ်းတွင် ပိတောက်ခွဲသားများ ဖမ်းမိ
DVB
·
March 1, 2018
မိတ္ထီလာ-တောင်ကြီးလမ်းတွင် ပိတောက်ခွဲသားများ ဖမ်းမိ
Donate to DVB

မိတ္ထီလာ-တောင်ကြီးလမ်း မိုင်တိုင် ၃၄/၇ ကျွဲတပ်ဆုံဂိတ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ညနေက ၂၂ ဘီးကားပေါ်က တရားမဝင် ပိတောက်ခွဲသား ၁၂ တန်ကျော် ဖမ်းမိခဲ့တယ်လို့ သာစည်သစ်တောဦးစီးမှူး ဦးဟိန်းကျော်နိုင်က ပြောပါတယ်။

တောင်ကြီးမြို့ အေးသာယာရပ်မှာနေတဲ့ ယာဉ်မောင်း မောင်ဖန်(ခ)မောင်ခိုင်နဲ့ တရပ်တည်းနေသူ ယာဉ်နောက်လိုက် စောထက်ခိုင်ကျော်တို့ နှစ်ဦးပါတဲ့ ၂၂ ဘီးကားကို အမှတ်-၁၈ မူးယစ်တပ်ဖွဲ့စု ‎သတင်းတပ်ဖွဲ့ သာစည်မြို့နယ် ရဲတပ်ဖွဲ့၊ သစ်တောအဖွဲ့နဲ့ သက်သေတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းမိတာ ဖြစ်ပါတယ်။

“ပိတောက်ခွဲသား ၁၀၆ ချောင်း ကာလတန်ဖိုး ၃၆ သိန်းကျော်တယ်။ သစ်တန် ၁၂ ဒသမ ၁၇၁ ပေါ့။ ပြောင်းဖူးရိုးထည့်ထားတဲ့ မြွေရေခွံအိတ် ၁၂၅ လုံးနဲ့ ဖုံးထားတယ်။ အဲဒီအပေါ်မှာ ပေပါခွံ အလုံး ၅၀ ထပ်တင်ထားတာပေါ့။ ‎အိတ်တွေ၊ ပေပါတွေ ဖယ်လိုက်မှ ပိတောက်ခွဲသားတွေ တွေ့ရတာပါ။”

သာစည်မြို့နယ် ယင်းမာပင်ရဲစခန်းက ‎မောင်ဖန်နဲ့ စောထက်ခိုင်ကျော်တို့ကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ဥပဒေပုဒ်မ ၆(၁) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013