Home
မြန်မာသတင်း
အထက်မင်းလှမြို့နယ်တွင် တရားမဝင် ခိုးဝင်ဘင်္ဂါလီ ၅ ဦး ဖမ်းမိ
DVB
·
March 1, 2018
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှာ မတ်လ ၁ ရက်နေ့ မနက် ၁၁ နာရီလောက်က တရားမဝင် ခိုးဝင်ဘင်္ဂါလီ ၅ ဦး ဖမ်ဆီးရမိခဲ့တယ်လို့ ရဲက ပြောပါတယ်။ ရေနံမ နယ်မြေရဲစခန်း အပိုင်နယ်မြေအတွင်း တရားမဝင် ဘဂါင်္လီတွေ ရောက်ရှိနေတယ်လို့ သတင်းအရ နေရာ ၄ နေရာကို အဖွဲ့ ၄ ဖွဲ့ ဖွဲ့ပြီး ပိတ်ဆို့ရှာဖွေရာ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် (၂၃၅/၄) အနီး ကားလမ်းမပေါ်မှာ တရားမဝင် ဘဂါင်္လီ ၅ ဦးကို ဖမ်းဆီးမိခဲ့တာလို့ ရေနံမနယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ "သူတို့ကို စစ်ဆေးလိုက်တော့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ကနေ လွန်ခဲ့တဲ့ ၇ ရက်လောက်ကတည်းက တောလမ်းခရီးအတိုင်း ရန်ကုန်ကို အလုပ်လုပ်ဖို့ ခြေကျင် လာရောက်တာ" လို့ ထွက်ဆိုခဲ့ကြောင်း ပြောပါတယ်။ အဆိုပါ အထောက်ထားမဲ့ တရားမဝင် ခိုးဝင် ဘင်္ဂါလီ ၅ ဦးကို မင်းလှမြို့နယ် လ.ဝ.က နဲ့ ပူးပေါင်းပြီး လ.ဝ.က အက်ဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024