DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် သိမ်းဆည်းခံ လယ်ယာမြေဧက သိန်းနှင့်ချီရှိနေ
DVB
·
March 1, 2018
ရခိုင်တွင် သိမ်းဆည်းခံ လယ်ယာမြေဧက သိန်းနှင့်ချီရှိနေ
Donate to DVB

ရခိုင်ပြည်နယ်အတွင်းမှာ သိမ်းဆည်းခံ လယ်ယာမြေတွေ ဧက သိန်းနဲ့ချီရှိနေပြီး အစိုးရ အစီရင်ခံစာနဲ့ ကွဲလွဲနေတယ်လို့ ရခိုင်တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ စစ်တွေမြို့ ရွှေကရုဏာခန်းမမှာ ရခိုင်ပြည်နယ် ၁၇ မြို့က အရပ်ဘက်အဖွဲ့အစည်း ၄၃ ခုက နိုင်ငံရေးပါတီတွေ၊ တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ၁၅၀ ဝန်းကျင် တက်ရောက်တဲ့ မြေယာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုသွားတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၅ ခုနှစ် အစိုးအရ အစီအရင်ခံစာအရ သိမ်းဆည်းခံယာမြေ ဧက ၃ သောင်းနီးပါရှိတယ်ဆိုပေမယ့် မြို့နယ်တွေကို လက်တွေ့ကွင်းဆင်း လေ့လာတွေ့ရှိချက်မှာတော့ သိမ်းဆည်းခံလယ်ယာမြေတွေ သိန်းဂဏန်းအထိ ရှိနေတယ်လို့ ရခိုင်ပြည်နယ်တာဝန်ခံ၊ တောင်သူလယ်သမားသမဂ္ဂ၊ အထွေထွေအတွင်းရေးမှူး ဦးကျော်ဇံက ပြောပါတယ်။

“မြေယာသိမ်းဆည်းမှုကတော့ ၂၀၁၅ အစိုးရ အစီရင်ခံစာတခုမှာ သိမ်းဆည်းခံ မြေယာ ဧကပေါင်း ၂၃၀၀၀ ကျော် ရှိပါတယ်ဆိုတာ တွေ့ရတယ်။ ဒါပေမယ့် အဲ့ဒါက မြေယာ ၈၀ မှု အပေါ်မှာ အခြေခံပြီးတော့ တွေ့ရှိချက်ပေါ့။ အဲဒီတွေ့ရှိချက်က လုံလောက်တဲ့ တကယ့် ဖြစ်ပျက်နေတဲ့ အနေအထားအပေါ်မှာ မူမတည်ဘူးလို့ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်ာတို့ ရခိုင်ပြည်အနှံ့အပြားကို ကွင်းဆင်းလေ့လာကြည့်တော့ အထူးသဖြင့် မြေယာနဲ့ ပတ်သက်လို့ ဖလှယ်ပွဲတွေ လုပ်တဲ့အခါမှာ ဒေသခံတွေရဲ့ ပြောကြားချက် စာရင်းအရဆိုရင် အများကြီး ရှိတယ်။ ဧကခန့်မှန်းခြေ သိန်းနဲ့ချီ ရှိနေတာ တွေ့ရတယ်။ တကယ်မှာ အစိုးရစစ်တမ်းနဲ့ လက်တွေ့မှာ ကွာဟချက်တွေ အများကြီးရှိနေတယ်။”

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာဆိုရင်လည်း တပ်က သိမ်းထားတာတွေ ရှိသလို ဌာနဆိုင်ရာက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေလည်း အများအပြားရှိနေတယ်လို့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံ၊ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးစောသိန်းမောင်က ပြောပါတယ်။

“အမျိုးအစား နှစ်ခု ရှိတယ်ဗျ။ ဌာနဆိုင်ရာတွေနဲ့ တပ်က သိမ်းထားတဲ့ အမျိုးအစားတွေ ရှိတယ်။ နောက်ပြီးတော့ လယ်ယာမြေ သိမ်းတာတော့ မဟုတ်ဘူး။ မီးရထားလမ်း ဖောက်လုပ်တာမှာ ပါသွားတာတွေ ရှိတယ်။ လယ်ယာမြေတွေက သိမ်းတာတွေမှာ တောသူတောင်သားတွေရဲ့ ဥယျာဉ်ခြံမြေတွေ ပါသွားတယ်။ လယ်ာမြေတွေ သိမ်းဆည်းမှုအပိုင်းမှာဆိုရင် သိမ်းတာတွေက ဥပဒေအရ မဖြစ်ဘူး။ ဥပဒေအရ သိမ်းမယ် ဆိုရင်တော့ သက်ဆိုင်ရာ တောသူတောင်သားတွေကို အသိပေး ကြေညာပေးရမှာ။ ဒါတွေ မပါခဲ့ဘူး အရင်တုန်းက။ ဒါပေမယ့် အခုအချိန်မှာ ပြန်ပေးတယ်လို့ သဘောမသက်ရောက်ဘူး။ တောင်သူလယ်သမားတွေဆီမှာ ဘယ်သူ့လက်ထဲကိုမှ ပြန်မရောက်သေးဘူး။ အဲဒီလိုပုံစံမျိုး ရှိနေကြတယ်” လို့ ပြောပါတယ်။

တပ်နဲ့ ဌာနဆိုင်ရာက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို တောင်သူတချို့က လျော်ကြေးရတယ် ဆိုပေမယ့် လျော်ကြေး လုံးဝမရတဲ့သူတွေလည်း ရှိနေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။ မြေယာဥပဒေတွေနဲ့ပတ်သက်လို့ တောင်သူတွေ ပိုပြီး သိရှိနားလည်စေဖို့နဲ့ လယ်ယာဒေဥပဒေတရပ် ပေါ်ပေါက်လာဖို့ ပိုမျှော်လင့်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒေသတခုချင်းစီက ရလာတဲ့ အချက်အလက်တွေ မြေယာနဲ့ ပတ်သက်လို့ ဆုံးရှုံးနစ်နာမှုတွေကို သက်ဆိုင်ရာတွေဆီကို တင်ပြပြီး ကူညီဆောင်ရွက်သွားဖို့ လယ်သမားအရေး လှုပ်ရှားသူတွေက ရည်ရွယ်ထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ တောင်သူလယ်သမားတွေရဲ့ဘဝ ဖွံ့ဖြိုးမှုဟာ နိမ့်ကျနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ကြတဲ့ မြေယာဆိုင်ရာ ဆွေးဆွေးမှုအပြီးမှာ ၂၀၁၇ ခုနှစ် မြေသိမ်း ဥပဒေမူကြမ်းကို ဖျက်သိမ်းပေးဖို့ တောင်သူလယ်သမားသမဂ္ဂတွေ အပါအဝင် ရခိုင်တပြည်နယ်လုံးရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၃ ခုက ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ပြီး တောင်းဆိုခဲ့ကြပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013