DVB Logo
Home
မြန်မာသတင်း
လက်ထပ်စာချုပ်ချုပ်နေချိန် ရည်စားဟောင်းအမျိုးသမီးက ၂ ဦးလုံးကို ဓားဖြင့်ထိုး
DVB
·
March 1, 2018
လက်ထပ်စာချုပ်ချုပ်နေချိန် ရည်စားဟောင်းအမျိုးသမီးက ၂ ဦးလုံးကို ဓားဖြင့်ထိုး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ရှောက်တောရွာ ဖေဖော်ဝါရီ ၂၈ ရက်က ခိုးပြေးလာတဲ့ မိန်းကလေးနဲ့ လက်ထပ်မယ့်စာချုပ်မှာ သက်သေလိုက်ပေးဖို့ ဖုန်းဆက်ပြောတဲ့ အမျိုးသားကို အရင်ရည်းစား မိန်ကလေးက ဓားနဲ့ထိုးရာ အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ ပင်းတလဲရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် လိန်ပင်အုပ်စု ကျောင်းကုန်ရွာနေ အသက် ၂၂ နှစ်ရှိ ဘုန်းခန့်ကျော်(ခ)ဘုန်းကျော်နဲ့ ဝမ်းတွင်းမြို့နယ် ရှောက်တောရွာနေ အသက် ၂၄ နှစ်ရှိ မမာမာအောင်တို့ လွန်ခဲ့တဲ့ ၄ နှစ်က ဒီနေ့အထိ ရည်းစားဖြစ်လာပြီး တဦးနဲ့တဦး အဆင်မပြေဖြစ်နေချိန်မှာ သာစည်မြို့နယ် ရွာကြီးရွာနေ အသက် ၂၁ နှစ်ရှိ မဝင်းပပလှိုင်ကို ဘုန်းကျော်က ရှောက်တောရွာကို ခိုးပြေးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဦးသဘောတူ လက်ထပ်စာချုပ်လုပ်မှာမို့ မမာမာအောင်အနေနဲ့ သက်သေလိုက်ပေးဖို့ ဘုန်းကျော်က ဖုန်းဆက်ပြီးပြောတာကြောင့် ဝမ်းတွင်းမြို့မဈေးမှာ ဈေးရောင်းနေတဲ့ မမာမာအောင်ဟာ ဆိုင်ကယ်နဲ့ ရှောက်တောရွာကို ပြန်လာတယ်၊

ကိုရှိုင်းအောင်အိမ်မှာ ရောက်နေတဲ့ ဘုန်းကျော်နဲ့မဝင်းပပလှိုင်တို့နှစ်ဦးကို အဲဒီအိမ်ထရံထိုးထားတဲ့ မီးဖိုချာင်သုံးဓားကိုယူပြီး ဘုန်းကျော်ကို ထိုးလိုက်ရာ နေရာတင်သေဆုံးသွားပြီး မဝင်းပပလှိုင်ကိုလည်း ဓားနဲ့ထပ်ထိုးတာကြောင့် ဒဏ်ရာရသွားတယ်လို့ ပင်းတလဲစခန်းမှူး ရဲအုပ်မင်းမင်းထွေးက ပြောပါတယ်။

“ဘုန်းကျော်ရဲ့ ကျောကုန်းကို ဓားနဲ့ တချက်ထိုးမိတယ်။ နေရာတင်သေဆုံးတယ်။ မဝင်းပပလှိုင်ကတော့ ဘယ်ဘက်လက်ဖျံ ထိုးမိသွားတယ်။ ဓားက အရိုးအသွား ၈ လက်မ ရှိတယ်” လို့ ပြောပါတယ်။

ပင်းတလဲရဲစခန်းက မမာမာအောင် ကို လူသတ်မှု။ ချွန်ထက်ပြတ်ရှလက်နက်ဖြင့် ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၆ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013