DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးတေးသံ ဝေစည်ရန် ကြိုးပမ်းကြပါဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
March 1, 2018
ငြိမ်းချမ်းရေးတေးသံ ဝေစည်ရန် ကြိုးပမ်းကြပါဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Donate to DVB

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို လျှောက်တဲ့လမ်းမှာ ငြိမ်းချမ်းရေးတေးသံများ ဒီထက်မက ဝေစည်လာဖို့ ပအိုဝ်းတိုင်းရင်းသားအားလုံးက ကြိုးပမ်းအားထုတ်ပေးကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

မတ် ၁ ရက် ဒီနေ့မှာကျရောက်တဲ့ ၆၉ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ တိုက်တွန်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“မနက်စောစောနဲ့ ညနေ မိုးချုပ်စ အချိန်တိုင်းမှာ ရွာလုံးကျွတ် အိမ်တိုင်းစေ့  တချိန်တည်း တပြိုင်တည်း ဘုရားရှိခိုးပြီး ကုသိုလ်ယူလေ့ရှိကြတဲ့ ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ ကြေးစည်သံနဲ့ မောင်းသံတွေ ဝေစည်နေသလို ကျမတို့ရဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသို့ လျှောက်လှမ်းရာ ခရီးလမ်းမပေါ်မှာလည်း ငြိမ်းချမ်းရေးတေးသံများ ယခုထက်မက ဝေစည်လာဖို့အတွက် ပအိုဝ်းတိုင်းရင်းသားအားလုံးကလည်း ဆက်လက် ပါဝင်ကြိုးပမ်း အားထုတ်ပေးကြပါလို့ တိုက်တွန်းရင်း သ၀ဏ်လွှာကို ပေးပို့လိုက်ရပါတယ်။”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာထဲမှာ အသိအမှတ်ပြု ပြောထားပါတယ်။

ပအိုဝ်းတိုင်းရင်းသားတွေဟာ အခုအခါ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နဲ့ ပင်လောင်းမြို့နယ်တို့မှာ အများစုနေထိုင်ကြပြီး အဲ့ဒီဒေသတွေကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပါတယ်။

ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ အလေးအမြတ်ထားရာ သူရိယစန္ဒာမင်းကြီးရဲ့ မွေးနေ့မွေးရက်ဖြစ်တဲ့ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး ၁၉၄၈ ခုနှစ်ကတည်းက ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013