DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက်များကို ဖမ်းသည့်ရဲတပ်ဖွဲ့နှင့် စာရွက်များပေးသွားသည့် ရဲတပ်ဖွဲ့ အချိတ်အဆက်ရှိကြောင်း စစ်ဆေးတွေ့ရှိ
DVB
·
February 28, 2018
ရိုက်တာသတင်းထောက်များကို ဖမ်းသည့်ရဲတပ်ဖွဲ့နှင့် စာရွက်များပေးသွားသည့် ရဲတပ်ဖွဲ့ အချိတ်အဆက်ရှိကြောင်း စစ်ဆေးတွေ့ရှိ
Donate to DVB

ရိုက်တာသတင်းထောက်တွေကို ဖမ်းဆီးတဲ့ရဲတပ်ဖွဲ့နဲ့ ရိုက်တာသတင်းထောက်တွေကို စာရွက်တွေပေးသွားတဲ့ ရဲတွေနဲ့ အချိတ်အဆက်ရှိတယ်ဆိုတာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ နေ့ ရိုက်တာရုံးထုတ် (၇)ကြိမ်မြောက်မှာ ပိုပြီးပေါ်လွင်လာတယ်လို့ ရိုက်တာသတင်းထောက်တွေ ရဲ့ရှေ့နေ ဦးသန်းဇော်အောင်ကပြောပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေ အဖမ်းဆီးမခံရခင် လေးမှာ ထိုင်ခဲ့တဲ့ စားသောက်ဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ဌေးနဲ့ ရှာဖွေခဲ့တဲ့အချိန်က ပါဝင်ခဲ့တဲ့ ရာအိမ်မှူး ဦးကျော်ရှိန်တို့ကို တရား လိုပြသက်သေအဖြစ် စစ်ဆေးတာပါ။

“အရင်သက်သေတွေနဲ့ မတူတဲ့ ကွဲလွဲချက်တွေ ဒီကနေ့ ထက်ပြီးထွက်လာခဲ့တာပါ၊ ဒီနေ့ သက်သေ ဦးကျော်ရှိန်က ပြောသွားတာက သတင်းထောက်တွေက ဘယ်ဘက်ကလာတာလဲ ဆိုတော့ သီတာလမ်းအတွင်းလမ်း ဘက်ကနေပြီးတော့ အမှတ် (၃)လမ်းဘက်ကို လျှောက်လာ တယ်ဆိုတဲ့ထွက်ဆိုချက်မျိုးပြောလာတယ်။ နောက်တစ်ခါ သတင်းထောက်တွေကို ဖမ်းတဲ့အခါမှာ အရပ်ဝတ်ရဲတွေ ၁၀ ယောက်လောက်ပါတယ်ဆိုတာ ထွက်ဆိုသွားတယ်။ နောက်တစ်ခု အရေးကြီးတဲ့ဟာက ဒုတပ်ကြပ်နိုင်လင်းက စားသောက်ဆိုင်ထဲက ဘယ်အချိန်မှာ သိလဲဆိုတော့ ၉ နာလောက်မှာ ထွက်သွားတာ သူသိတယ်လို့ထွက်သွားတယ်။ အဲဒီတော့ ဒီဟာ ကို ကြည့်ခြင်း အားဖြင့် ဖမ်းဆီးရေးရဲအဖွဲ့က စာရွက်စာတမ်းတွေပေးသွားတယ်ဆိုတဲ့ ဒုတပ်ကြပ်နိုင်လင်းနဲ့ အချိတ်အဆက်ရှိထားတယ်။ ဆိုင်ကနေ ဘယ်အချိန်ထွက်မလဲ၊ ဘယ်အချိန်ဖမ်းမလဲဆိုတာ ကြိုသိထားတဲ့ သဘောတွေပါတယ်” လို့ ပြောဆိုသွားတာပါ။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်ဝလုံးကတော့ “အစိုးရအနေနဲ့ သတင်း အချက်အလက်တွေ မှန်မှန်ကန်ကန်ရဖို့နဲ့ ပြဿနာတွေကိုဖြေရှင်းချင်တယ်ဆိုရင် မီဒီယာသမား တွေကို သတင်းရေးသားခွင့် ပေးသင့်တယ်”လို့ ရုံးထုတ်အပြန်မှာ ပြောဆိုသွားပါတယ်။

ရိုက်တာသတင်းထောက်တွေလက်ထဲမှာ အရေးကြီးလျှို့ဝှက်စာရွက်စာတမ်းတွေ မိခဲ့တဲ့ အတွက်ကြောင့် ရန်ကုန်မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ယုနိုင်က မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားလိုပြုလုပ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က စွဲဆိုတိုင် တန်းခဲ့တဲ့အမှုဖြစ်ပါတယ်။

ဒါပေမယ့် ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေနဲ့ ရှေ့နေတွေကတော့ အင်းဒင်ဖြစ်ရပ် ကိစ္စကို စုံစမ်းဖော်ထုတ်ပြီး သတင်းရေးသားခဲ့လို့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013