DVB Logo
Home
မြန်မာသတင်း
မဟာမုနိဘုရားတွင် ဘုရားဖူးဧည့်သည်များအတွက် အခမဲ့သန့်စင်ခန်းများဆောက်ပေးနေ
DVB
·
February 28, 2018
မဟာမုနိဘုရားတွင် ဘုရားဖူးဧည့်သည်များအတွက် အခမဲ့သန့်စင်ခန်းများဆောက်ပေးနေ
Donate to DVB

 

မန္တလေးမြို့က မဟာမုနိဘုရားမှာ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်တွေ အခမဲ့ အသုံးပြုနိုင်ဖို့အတွက် ကျပ်သိန်းတစ်ထောင်ကျော်နဲ့ အဆင့်မြင့်သန့်စင်ခန်းတွေကို ဆောင်လုပ်ပေးထားတယ်လို့ ဘုရားကြီးဂေါပကအဖွဲ့က ပြောပါတယ်။

"နှစ်ပေါင်းများစွာကြာလာတဲ့ သန့်စင်ခန်းတွေက အဆင့်မမှီတော့ဘူး။ Mother construction ကနေ သန့်စင်ခန်း ဘယ်နှလုံးဆောက်ဆောက် လှူမယ်လို့ပြောတယ်။ အခု ရာဟုထောင့်မှာ ပြီးသွားပြီ။ အသုံးပြုလို့လည်း ရနေပြီ။ နောက် မြောက်မုခ် အရှေ့ဘက်မှာလည်း ထပ်မံတည်ဆောက်နေတာပါ။ ဟိုတယ်က သန့်စင်ခန်းတွေလို အဆင့်မြင့်ပါတယ်"လို့ ရုံးအဖွဲ့မှူး ဦးသိန်းထွန်းက ပြောပါတယ်။

မန္တလေးမြို့က ဘုရားတွေမှာ သံဃာ၊ သီလရှင်၊ မသန်စွမ်းနဲ့ ကျား၊ မ တွေအတွက် အခမဲ့ အဆင့်မြင့် သန့်စင်ခန်းဆောက်လုပ်ပေးတာ မဟာမုနိဘုရားကြီးတစ်ခုသာရှိပြီး ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

မဟာမုနိဘုရားကြီးမှာ နေ့စဉ် ပြည်တွင်းပြည်ပ ဧည့်သည်ပေါင်း ထောင်ချီဝင်ရောက်မှုရှိပြီး အခါကြီး ရက်ကြီးမှာ လူပေါင်း သောင်းချီလာရောက် လေ့လာဖူးမျှော်ကြတယ်လို့ ဂေါပကအဖွဲ့ ကနေ သိရပါတယ်။

၂၀၁၇ ခုနှစ်မှာ ပြတိုက်တချို့ကို မွန်းမံပြင်ဆင် တည်ဆောက်တာတွေ ရှိသလို ဒီနှစ် အတွင်းမှာလည်း မဟာမုနိကျောင်းတော် ထုပိကာရုံ ရွှေသင်္ကန်း အသစ်တပ်ဆင်တာတွေ၊ ဒုတိယ တတိယ မဟာရံတံတိုင်းမှာ ဘုရားဖူးဧည့်သည်တွေ အနားယူဖို့ စောင်းတန်းအသစ်တွေကို တည်ဆောက်ပါတယ်။

နှစ်ဝက်လောက်မှာ ကားပါကင် အသစ်တည်ဆောက်တာ အခမဲ့ အဆင့်မြင့်သန့်စင်ခန်းတွေ တည်ဆောက်ပြီးစီးမှာ ဖြစ်တယ်လို့ ဘုရားကြီးဂေါပကအဖွဲ့က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013