DVB Logo
Home
မြန်မာသတင်း
လှေမှောက်သေဆုံးသည့် ကျောင်းသားမိသားစုဝင်များကို ထောက်ပံ့ငွေပေးအပ်
DVB
·
February 28, 2018
လှေမှောက်သေဆုံးသည့် ကျောင်းသားမိသားစုဝင်များကို ထောက်ပံ့ငွေပေးအပ်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအင်းထဲမှာ ဖေဖေါ်ဝါရီ ၂၅ ရက်က လှေမှောက်သေဆုံးခဲ့တဲ့ ကျောင်းသား ၉ ဦးရဲ့ မိသားစုဝင်တွေကို ဖေဖော်ဝါရီ ၂၇ ရက် က ထောက်ပံ့ငွေပေးအပ်လိုက်ပါတယ်။

ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနဦးစီးမှူး ဒေါ်လှကေသီမာနဲ့ အဖွဲ့ဝင်တွေ၊ မိုးညှင်းမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ မိုးညှင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးညွန့်ငွေ၊ ခရိုင်လူမှုကယ်ဆယ်ရေးဌာနမှဦးစီးမှူး ဦးကျော်နိုင်ဌေးနဲ့  မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်တို့က သေဆုံးသူ ကျောင်းသားမိသားစုဝင်တဦးချင်းစီကို ငွေကျပ် ၃ သိန်းစီ ပေးအပ်ခဲ့ပါတယ်။

နာရေးအခမ်းအနား တက်ရောက်တဲ့ ဒေသခံ အမျိုးသားတယောက်က “အင်းတော်ကြီးမှာ စက်လှေမှောက်ပြီးလူသေတယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ အချိန်တုန်းကလည်း အဲဒီနေရာ။ အဲဒီအချိန်မှာ ခုလိုမျိုး ၉ ဦး အသက်ဆုံးဖူးတယ်။ ခုနဲ့ဖြစ်စဉ်တူတယ်။ လှေမှာပါတာ အများကြီးဘဲ။ ဒါပေမယ့် ၉ ယောက်ဘဲသေတယ်။ ဒီလိုဘဲ နောက်တနေ့မှ ပြန်ဆယ်ယူလို့ရတယ်” လို့ ပြောပါတယ်။

လှေမှောက်ပြီးသေဆုံးခဲ့တဲ့ လုံးစန့်ကျေးရွာက ၈တန်းကျောင်းသူတွေဖြစ်တဲ့ မနွယ်နွယ်ဝင်း၊ မသဲသဲမူ၊ မပြည့်ဖူးသော်၊ မအိအိမွှေး၊ မမျိုးသန္တာထွန်း၊ မအိဖြိုးနိုင်၊ မမိုးမြင့်သူ၊ မအေးမြတ်နိုးသူ၊ မောင်အောင်မျိုးဝင်းတို့ရဲ့ မိသားစုတွေကို သက်ဆိုင်ရာက ထောက်ပံ့ ငွေတွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013