DVB Logo
Home
မြန်မာသတင်း
မန္တ​​လေးရတနာပုံတက္ကသိုလ်​​ ကျောင်းသားများသမဂ္ဂ ၆ နှစ်​ပြည့် အခမ်းအနားကျင်းပ
DVB
·
February 28, 2018
မန္တ​​လေးရတနာပုံတက္ကသိုလ်​​ ကျောင်းသားများသမဂ္ဂ ၆ နှစ်​ပြည့် အခမ်းအနားကျင်းပ
Donate to DVB

 

မန္တ​​လေးရတနာပုံတက္ကသိုလ်​​ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်​) ၆ နှစ်​ပြည့် အထိမ်းအမှတ်​ အခမ်းအနားကို​ ဖေ​ဖော်​ဝါရီ ၂၈ ​ရက်​​နေ့က ရတနာပုံတက္ကသိုလ်​ဝင်းအတွင်း ပိ​တောက်​လမ်းမှာ ကျင်းပပါတယ်​။

မန္တလာဒီဂရီ​ကောလိပ်​၊ မန္တ​လေးတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ၊ ​ဆေးတက္ကသိုလ်​သမဂ္ဂ၊ မိတ္ထီလာခရိုင်​​ကျောင်သားများ ဗကသ၊ ရမည်း​သင်း​ နည်းပညာတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ၊ စစ်​ကိုင်းပညာ​ရေးတက္ကသိုလ်​ ​ကျောင်းသားများသမဂ္ဂ၊ ရန်​ကုန်​ပညာ​ရေးတက္ကသိုလ်​​ ကျောင်းသားများသမဂ္ဂတို့ တက်​​ရောက်​ခဲ့ကြပြီး သဝဏ်​လွှာတွေ ဖတ်​ကြားခဲ့ကြပါတယ်​။

ရတနာပုံတက္ကသိုလ်​​ ကျောင်းသားသမဂ္ဂဗကသအဖွဲ့ချုပ်​ ​ဥက္ကဋ္ဌ​ကျော်​သီဟရဲ​ကျော်​က “ဗကသမူ ငါးချက်​ဖြစ်​တဲ့ အမျိုးသား​ရေး၊ ဒီမိုက​ရေစီအ​ရေး၊ ဒီမိုက​ရေစီပညာ​ရေး၊ ငြိမ်းချမ်း​ရေး​၊ ကျောင်းသားထု အခွင့်အ​ရေးဆိုတဲ့ မူငါးချက်​နဲ့အတူ ​ကျောင်းသားထု​ရှေ့က​နေ မားမားမတ်​မတ် ​ရပ်​တည်​လာခဲ့တာ ဆိုရင်​ဒီက​နေ့ ၆ နှစ်​ပြည့်ခဲ့တာပါ။ အစဉ်​လာကြီးမားတဲ့ သမိုင်းဝင်​ခွပ်​​ဒေါင်း အလံ​တော်​​အောက်​က​နေ ​ကျောင်းသားထုပြည်​သူ​တွေအတွက်​ ရတနာပုံ ဗကသဟာ အမြဲတမ်းရှိ​နေမယ်”​လို့ ​ပြောပါတယ်​။

မန္တ​လေးရတနာပုံ တက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်​) ၆ နှစ်​ပြည့်အခမ်းအနားကို ​ကျောင်းသား​ကျောင်းသူ ၈၀​ ကျော်​တက်​​ရောက်​ခဲ့ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013