DVB Logo
Home
မြန်မာသတင်း
ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှု တရားလိုဘက်က အမှုရုပ်သိမ်းလွှာတင်
DVB
·
February 28, 2018
ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှု တရားလိုဘက်က အမှုရုပ်သိမ်းလွှာတင်
Donate to DVB

 

ဟာသသရုပ်ဆောင် အောင်ရဲထွေးသတ်ခံရမှုမှာ တရားလို မိသားစုဝင်တွေဘက်က အမှုရုပ်သိမ်းဖို့ လျှောက်လွှာတင်ထားတယ်လို့ တရားခံရှေ့နေက ပြောပါတယ်။

မနေ့က ရုံးချိန်းမှာ တရားလိုဖြစ်သူ ကိုသန့်ဇင်ဦးက အမှုရုပ်သိမ်းဖို့ လျှောက်ထားတာလို့ ရှေ့နေ ဦးချစ်ကိုကိုက ပြောပါတယ်။

“တရားလို ကိုသန့်ဇင်ဦးက တင်တာပါ။ အောင်ရဲထွေးရဲ့ အဖေနဲ့ အစ်ကိုက သက်သေ အဖြစ်ပါတယ်။ သူတို့ဆန္ဒအရ အမှုကို ရုပ်သိမ်းမယ်လို့ ခရိုင်ဥပဒေရုံးက တဆင့်တင်တယ်။ တရားခံရှေ့နေတွေက ကိုသန့်ဇင်ဦးနဲ့ အဖေဖြစ်သူ ဦးမြင့်ဦးတို့ကို အမှုရုပ်သိမ်းမယ့် ကိစ္စကို မေးခဲ့ပါသေးတယ်” လို့ ပြောပါတယ်။

လာမယ့် ၉ ရက်နေ့ ရုံးချိန်းမှာတော့ အောင်ရဲထွေးရဲ့ ရည်းစားဖြစ်သူနဲ့ အောင်ရဲထွေးရဲ့ အစ်ကို နေဇင်လတ်ကို စစ်မေးဖို့ ရှိနေပါတယ်။

ရှေ့နေ ဦးချစ်ကိုကိုက “အခု ရုပ်သိမ်းမယ်လို့ တင်ထားတာ ဥပဒေရုံးကို၊ အဲဒီကနေ တရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ကိုပို့ပြီး မှတ်ချက်တောင်းမယ်။ အမှုကို ရုပ်သိမ်းဖို့ ဆိုတာကတော့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ပါ။ ဆုံးဖြတ်ချက် မချခင်ကာလမှာတော့ အမှုက ဆက်စစ်နေမှာပဲ” လို့ ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံသိရဖို့ ကိုသန့်ဇင်ဦးနဲ့ ဦးမြင့်ဦးတို့က ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

ဟာသဗွီဒီယိုတွေနဲ့ နာမည်ရလာတဲ့ အောင်ရဲထွေးဟာ ဇန်နဝါရီ ၁ ရက်က ပါတီပွဲတခုမှာ လူအုပ်စုရဲ့ ရိုက်နှက်ခံရပြီးနောက် သေဆုံးခဲ့တာပါ။ ဝိုင်းဝန်းထိုးကြိတ်ခဲ့သူတွေကိုတော့ သူတို့မိဘတွေက ရဲစခန်းကို လာအပ်ခဲ့ပြီး လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013