DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းသည့် ပြည်ထောင်စုအိပ်မက်မက်ကြရန်  ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
February 28, 2018
ငြိမ်းချမ်းသည့် ပြည်ထောင်စုအိပ်မက်မက်ကြရန်  ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Donate to DVB

 

ငြိမ်းချမ်းတဲ့ပြည်ထောင်စုအိပ်မက်မက်ပြီး အိပ်မက်ကို အကောင်အထည်ဖော်ကြဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)အဖွင့်မှာ ပြောတာ ဖြစ်ပါတယ်။

“မဖြစ်နိုင်တဲ့အိပ်မက်တွေကို မက်လို့ မဖြစ်ပါဘူး။ မဖြစ်နိုင်တဲ့အိပ်မက်တွေ မက်တယ် ဆိုတာဟာ အချိန်ကုန်ရုံပဲ ရှိပါမယ်။ နောက်ပြီးတော့ အကောင်အထည် မဖော်နိုင်တဲ့ အိပ်မက်တွေ ဆိုတာ ဒါက ပြောရမယ်ဆိုရင် ဘိန်းစားအိပ်မက်လို့ ကျမ ပြောချင်တယ်။ တကယ့်ကို တန်ဖိုးရှိတဲ့ အိပ်မက် မဟုတ်ပါဘူး။ ကျမတို့ဟာ ဖော်ဆောင်နိုင်တဲ့ အိပ်မက်တွေကို မက်တတ်ရမယ်။ မက်သင့်တဲ့အိပ်မက်တွေကို မက်ရမယ်။ ငြိမ်းချမ်းတဲ့ပြည်ထောင်စုကြီး အိပ်မက်ကို မက်တတ်ရ မယ်။ ဒီ အိပ်မက်ကို ကျမတို့ အကောင်အထည်ဖော်နိုင်ရမယ်”

တပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့ကြားမှာ အစိုးရက ၀င်ရောက်ညှိနှိုင်းပေးဖို့ ပြောနေ ပေမယ့် အစိုးရပြောတာကို နားမထောင်တော့ ဘယ်လိုညှိနှိုင်းပေးရမလဲလို့လည်း ဒေါ်အောင်ဆန်းစုကြည် က မေးခွန်းထုတ်သွားပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို အစိုးရ၊ တပ်မတော်နဲ့ တနိုင်ငံလုံး အပစ်ရပ် စာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။

ဒီတကြိမ် (JICM) အစည်းအဝေးမှာ  RCSS/SSA  ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ကိစ္စကို အဓိကထား ဆွေးနွေးသွားကြဖို့ ရှိပါတယ်။

မကြာသေးခင်ကမှ အပစ်ရပ်စာချုပ်မှာလက်မှတ်ထိုးထားကြတဲ့ မွန်ပြည်သစ်ပါတီ အပါအ၀င် တိုင်းရင်းသားတပ်ဖွဲ့ ၃ ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အဆင်ပြေပြေ လုပ်နိုင်မှပဲ တတိယ ပင်လုံညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013