DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 28, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၀၈,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကျလာတာကို တွေ့ရပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ၂,၀၀၀ ကျပ် ဈေးတက်သွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၃၉၀,၀၀၀ ပေါက်ဈေးရှိပါတယ်။

ပဲတီစိမ်း
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၂၀၀ ကျပ်ကနေ ၁,၇၅၀ ကျပ် ပေါက်စေဈးရှိပြီး ဈေးငြိမ်နေပါတယ်။

ကြက်သွန်ဖြူ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာပဲ ကြက်သွန်ဖြူ(ကြူကုတ်)က ၁ ပိဿာကို ၁,၅၅၀ ကျပ်ကနေ ၁,၅၇၅ ကျပ် ပေါက်ဈေးရှိနေပြီး ဈေးအတက်အကျမရှိ ဈေးငြိမ်နေပါတယ်။

ကြက်သွန်နီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာပဲ ကြက်သွန်နီ(ဆိပ်ဖြူ/တောင်တွင်းကြီး/မြစ်သား/မင်းဘူး)က ၁ ပိဿာကို ၈၀၀ ကျပ်ကနေ ၁,၅၅၀ ကျပ်ထိ ပေါက်ဈေးရှိနေပါတယ်။

ရွှေဘိုပေါ်ဆန်း
ဝါးတန်းကုန်စည်ဒိုင်မှာ ရွှေဘိုပေါ်ဆန်းက ၁ တင်းခွဲကို ကျပ် ၅၄,၀၀၀ ကျပ်မှ ငွေကျပ် ၅၇,၀၀၀ ပေါက်ဈေးရှိပါတယ်။

ပေါ်ဆန်း နယ်စုံ
ဝါးတန်းကုန်စည်ဒိုင်မှာပဲ ပေါ်ဆန်းနယ်စုံက ၁ တင်းခွဲကို ကျပ် ၃၀,၀၀၀ ကျပ်မှ ငွေကျပ် ၄၂,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

မြေပဲလုံးဆံနီ
မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီ ၁ ပိဿာကို ၂,၄၀၀ ကျပ်ကနေ ၂,၄၅၀ ကျပ် ပေါက်ဈေးရှိနေပြီး မနေ့ကထက် ၇၅ ကျပ် ဈေးတက်လာပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013