DVB Logo
Home
မြန်မာသတင်း

တောင်ဇလပ်တိုင်း(မ်)ဂျာနယ်ကို  ချင်းမီဒီယာများကန့်ကွက်

DVB
·
February 28, 2018
တောင်ဇလပ်တိုင်း(မ်)ဂျာနယ်ကို  ချင်းမီဒီယာများကန့်ကွက်
1 / 2
Donate to DVB

 

ချင်းပြည်နယ် အစိုးရက တောင်ဇလပ်တိုင်း(မ်)အမည်နဲ့ ဂျာနယ်ထုတ်ဝေလိုက်တဲ့အပေါ် ချင်းမီဒီယာတွေစုပေါင်းပြီး အပြင်းအထန်ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ် အစိုးရအနေနဲ့ နိုင်ငံတော်ဘဏ္ဍာတွေ အသုံးပြုပြီး တောင်ဇလပ်တိုင်း(မ်) အမည်နဲ့ ဂျာနယ်ထုတ်ဝေလာတဲ့အတွက် ခုလို ချင်းမီဒီယာတွေစုပြီး ကန့်ကွက်စာထုတ်ပြန်ရတာလို့ဆိုပါတယ်။

ချင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်မှာ အချက် ၇ ချက်ပါဝင်ပြီး အဓိကအနေနဲ့ အစိုးရတစ်ရပ်ဟာ မီဒီယာကို ဝါဒဖြန့်ချိရေးလက်နက်အဖြစ် အသုံးမပြုသင့်ကြောင်းနဲ့ ချင်းပြည်နယ်အစိုးရက ထုတ်တဲ့ တောင်ဇလပ်တိုင်းမ် စာစောင်ကို ပိတ်သိမ်းရပ်နားပေးဖို့လည်း တောင်းဆိုထားပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013