DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီးဘုရားပွဲ စက်လှေများတွင် အသက်ကယ်အင်္ကျီများထားရန်လိုအပ်နေ
DVB
·
February 28, 2018
အင်းတော်ကြီးဘုရားပွဲ စက်လှေများတွင် အသက်ကယ်အင်္ကျီများထားရန်လိုအပ်နေ
Donate to DVB

ကချင်ပြည်နယ် အင်းတော်ကြီးမှာ လွန်ခဲ့တဲ့ ၂ ရက်က စက်လှေမှောက်ပြီး ကျောင်းသား ၉ ဦး သေဆုံးခဲ့ပြီးနောက်  ဘုရားပွဲတော်လာရောက်ကြတဲ့ ရပ်ဝေးဘုရားဖူးတချို့ဟာ ကိုယ်ပိုင် အသက်ကယ်အင်္ကျီတွေ ဝတ်ဆင်ပြီး လာရောက်နေကြပါတယ်။

ဘုရားပွဲတော်လာ မိသားစုဝင်တဦးက “မြစ်ကြီးနားက လာတာပါ။ ဘုရားပွဲက စက်လှေတွေမှာ အသက်ကယ်အင်္ကျီ မပါတော့ ကိုယ်ပိုင်ဝယ်ဝတ်ခဲ့တာပါ။ ကလေးတွေလည်း ပါတော့ စိတ်ချရအောင်လို့ပါ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ ဘုရားကြီး၊ မုဆိုးမဘုရား၊ နှီးဘုရားတို့ကို ပို့ဆောင်ပေးနေကြတဲ့ ဘုရားဖူး စက်လှေတွေမှာ စီးနင်းသူ လျော့နည်းသွားတယ်လို့ သိရပါတယ်။

စက်လှေမောင်းသူတဦးက “တကယ်တော့ မှောက်တဲ့ စက်လှေဟာ ဘုရားဖူးပို့တဲ့ စက်လှေမှ မဟုတ်တာ။ ပိုက်တန်း လှေတောင်ပံကြီးပါ။ လှေနဲ့ ဝိတ်နဲ့ မမျှဘူးပေါ့။ ခုဆို ကျနော်တို့ ဘုရားဖူးတွေကို မနည်းပြောခေါ်နေရပါတယ်”လို့ ပြောပါတယ်။

ဘုရားပွဲ ဈေးသည်တဦးက “ခါတိုင်းနှစ်ဆို ဘုရားသွားလမ်းက ပေါ်တယ်။ ဒီနှစ်က ဒူးကျော်အထိ ရေကူးသွားရတဲ့အထဲ စက်လှေမစီးရဲကြတော့ ခြေကျင်လမ်းက တအားလူကျပ်နေတာ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က စက်လှေမှောက်ပြီး လူသေဆုံးမှုရှိခဲ့ပေမယ့် ၁၄၉ ကြိမ်မြောက် ကျင်းပတဲ့ အင်းတော်ကြီး ဘုရားပွဲတော်ကတော့ အစည်ကားမပျက်ဘဲ မြန်မာပြည်အနှံ့က ဘုရားဖူးသူတွေ လာရောက်နေကြပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013