DVB Logo
Home
မြန်မာသတင်း
ဆရာတော် ၀ီရသူ၏ ဖေ့စ်ဘွတ်ခ် ပယ်ဖျက်ခံရ
DVB
·
February 28, 2018
ဆရာတော် ၀ီရသူ၏ ဖေ့စ်ဘွတ်ခ် ပယ်ဖျက်ခံရ
Donate to DVB

အမေရိကန်အခြေစိုက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ဆရာတော်ဝီရသူရဲ့ လူမှုကွန်ရက် အကောင့်ကို ဖယ်ရှားလိုက်တယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်က အတည်ပြုလိုက်ပါတယ်။

ဒါဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အမုန်းတရားပွားစေတဲ့ အ ရာတွေကို ဖြန့်ဝေမှုမပြုတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ စည်းမျဉ်းစည်းကမ်းအရ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အဖွဲ့အစည်းရဲ့ စံနှုန်းတွေမှာ အဖွဲ့အစည်းတွေ၊ လူတွေကို အကြမ်းဖက်မှုကို အားပေးတဲ့၊ အမုန်းတရားပွားစေဖို့ ရည်ရွယ်အသုံးပြုတဲ့ အကောင့်တွေကို တားမြစ်ထားပါတယ်။ တကယ်လို့ တယောက်ယောက်ကများ အမုန်းတရားပွားစေမယ့် အပြု အမူ အကြောင်းအရာတွေကို ဆက်တိုက်တင်နေမယ်၊ မျှဝေနေမယ်ဆိုရင်တော့ သူ့ကို ခေတ္တခဏ အသုံးပြုခွင့် ပိတ်တာမျိုး၊ ဒါမှမဟုတ် အကောင့်ကို ဖယ်ရှားလိုက်တာမျိုးနဲ့ အရေးယူပါတယ်”လို့ ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတဦးက အေအက်ဖ်ပီသတင်းဌာနကို ဖြေ ကြားခဲ့တာပါ။

ဆရာတော် ၀ီရသူရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်နေတဲ့ အကြောင်းအရာတွေဟာ မွတ်ဆလင်ပတ်သက်ပြီး မလိုမုန်းထားပို့စ်တွေဖြစ်နေလို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ကုန်ပိုင်းလောက်ကတည်းက ပိတ်ပင်ဖယ်ရှားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဆရာတော်ဝီရသူဟာ ပြည်တွင်းမှာတော့ အမျိုးသားရေးနဲ့ဘာသာရေးလှုပ်ရှား တက်ကြွသူတဦး အဖြစ်ထင်ရှားသူတဦးဖြစ်ကာ သူ့ရဲ့ အကောင့်မှာလည်း ထောက်ခံ အားပေးတဲ့ ပရိတ်သတ်ထောင်သောင်းချီ ရှိနေသူတဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း သူ့ရဲ့ အကောင့်ကို ဖေ့စ်ဘွတ်ခ်က ရက်ပေါင်း ၃၀ ပိတ်ပင် လိုက်တာနဲ့ပတ်သက်ပြီး သူက ဒါဟာ မွတ်ဆလင်တွေက သိမ်းယူလိုက်တာကြောင့်လို့ ပြောခဲ့တာပါ။

ရန်ကုန်အခြေစိုက် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားတက်ကြွ ကိုသက်ဆွေဝင်းကတော့ အမုန်းတရားတွေ ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်ရဲ့ ခုလိုပြောင်းလဲလှုပ်ရှားမှုဟာ ထင်ရှားသိသာစေတဲ့ သတိပေးချက်ဖြစ်ပေမယ့် ခုလို ဖယ်ရှားပစ်လိုက်ရုံနဲ့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ပြီလို့တော့ ပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။

“သူတို့က ဒီအကောင့်ကို ဖယ်ထုတ်ပစ်လိုက်တယ်။ ဒါပေမယ့် အမုန်းတရားဖြန့် ဝေတဲ့ ဗွီဒီယိုဖိုင်တွေကတော့ ကျန်နေသေးတယ်လေ။ ဖေ့စ်ဘွတ်ခ်ပေါ်က သူ့နောက် လိုက်တွေက ဒါတွေကို ဆက်ဖြန့်နေနိုင်သေးတယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013